Posts

Showing posts from March 17, 2008

မျိန်ပြပြအနာဂတ်တခုအကြာင်း

အနာဂတ်တွေတောင် အရောင်မှိန်သွားသလိုပဲ ငါ့ပစ္စုပန်တွေမှာ တိမ်တွေအုံမှိုင်းနေတယ် ပြိုကျမယ့်မိုးလို ညိုမှောင်နေတဲ့ ဘ၀မှာ အက်စစ်မိုးတွေရဲ့ အနံ့ကို သံသယ၀င်နေတယ် ခပ်ကြမ်းကြမ်းစကားတွေ ငါ့နှုတ်ကထွက်ကျသွားခဲ့တဲ့ အဲဒီတနင်္ဂနွေကိုတော့ ငါ့အတိတ်မှာထားခဲ့ပါရစေ ချစ်သူရေ ငါ့အနာဂတ်တွေလင်းချင်းဖို့ ငါ့ဘ၀ထဲကို မင်းနင်းလို့ဝင်ခဲ့ပါတော့ ငါမျှော်ရတာမောလှပြီ.......

အသဲမကွဲတဲ့ဆေး....!

ဒီ Post လေးကို အနက်ရောင်အိပ်မက်တခု၏၀ိဥာဉ်များ မှ ကူးယူဖော်ပြပါသည်။ တစ်နေ့မှာ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတစ်ယောက်ဟာ ဆရာဝန်နဲ့ ပြသတိုင်ပင် ရန် ဆေးခန်းသို့ ရောက်ရှိလာခဲ့ပါတယ်…။ လူနာ။ ။ ဆရာ…ကျွန်တော် အသဲကွဲနေလို့။ အဲဒါ ရောဂါက မသက်သာဘူးဆရာ…။ တစ်နေ့ ထက် တစ်နေ့ပိုဆိုးလာတယ်…။ ကူညီပါအုံးဗျာ…။ ဆရာဝန်က လူနာကို တစ်ချက်မျှ ခပ်စူးစူး စိုက်ကြည့်လိုက်ပါတယ်…။ ပြီးတော့ သက်ပြင်းတစ်ခုကို ဘာကြောင့် မှန်းမသိ သူ့ဘာသာ ချရင်း ခေါင်းညိတ်ပြလိုက်ပါတယ်…။ ဆရာဝန်။ ။ ဒါဆိုလည်း ခင်ဗျား ဝေဒနာစဖြစ်ပုံကစပြီး ဘယ်လိုတွေခံစားနေရတယ် ဆိုတာ ကျွန်တော့်ကို နဲနဲလောက် ပြောပြဗျာ…။ လူနာ။ ။ အချစ်ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ တိုက်မိရာက စတယ်လို့ပဲ ပြောရမှာပေါ့ ဆရာ…။ သူ နဲ့ တိုက်မိပြီးကတည်းက ကျွန်တော့်ညတွေ အရင်ကထက်ပိုရှည်လာလို ခံစားရတယ်။ မနက်တိုင်း လည်း "ကဗျာ" တွေအံတယ်…။ ခံတွင်းတွေလည်း ပျက်တယ်ဆရာ "သတိရခြင်း" တွေကလွဲပြီး ဘာမှစား လို့မရဘူး…။ မရိုသေ့ စကားဆရာရယ် ကန်တော့ပါရဲ့ဗျာ...။ ၀မ်းသွားရင်တောင် "မျှော်လင့်ချက်" တွေပဲ ဖြစ်ဖြစ်နေတယ်။ တစ်နေ့ ကဆို ကျွန်တော် ရုတ်တရက် မူးလဲသွားလို့ "ယုံကြည်ချက်&qu

အိမ်ပြန်ချိန်

လေးပင်တဲ့ခြေလှမ်းတွေ ငါ့ခြေထောက်တွေ ငါ့စိတ်တွေ အသက်ဝိဥာဉ်ကင်းမဲ့နေတယ် သြော်...ဒါအိမ်ပြန်ချိန်ပဲ ကောင်မလေးရေ ငါ့ခန္ဒာက ငါ့ဝိဥာဉ်ကို နှုတ်လို့ နင်အိမ်ပြန်သွားခဲ့တာလားကွယ် ဒါဆိုရင်တော့ နင်ဟာ ငါသိပ်ချစ်ရတဲ့ စုန်းမလေးပေါ့ ငါအိမ်ပြန်ရတဲ့ခြေလှမ်းတိုင်းမှာ အသက်မပါ ဒါပေမဲ့ ငါ့ဦးနှောက်ထဲမှာတော့ ဒီဘ၀ကနေရှေ့ဆက်ဖိုက အနီရောင်အနက်ရောင် ဥာဏ်တွေကို ကြံနေလေရဲ့ ကွယ်.........

ရင်ကွဲည

အဲဒီညက........... ကျွန်တော် ရင်ကွဲပက်လက်နဲ့ အတ္တတစ်ခုကျကွဲတယ် နှလုံးသားကနာဖျား လျှာဖျားကထွက်တဲ့ စကားလုံးတိုင်း တန်ဖိုးမဲ့ ဖြစ်ခဲ့ရပြီ မာနတွေသဲထဲရေသွန်ဖြစ် ငါ့အချစ်တွေပင်လယ်ဆီသို့ စီးဆင်းခွင့်ရပါ့မလား အငွေ့ပျံပျောက်ဆုံးမှာ အကြောက်ဆုံးပေါ့ဗျာ........