Posts

Showing posts from April 29, 2008

တသက်မခွဲ ရွှေလက်တွဲလိုသူများအတွက်

Image
ခုကျွန်တော်ရေးမယ့်အကြောင်းအရာတွေက လူပျို လူလွတ်တွေတော့ စိတ်ဝင်စားမယ် မထင်ဘူးဗျ။ အိမ်ထောင်ကျ ပြီးကာစ လူငယ် တွေနဲ့ အိမ်ထောင်သည် တွေပဲ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ နောက် ဒီအကြောငိးအရာတွေကို ကျွန်တော်လဲ မကျွမ်း ကျင်ပါဘူး ကျွမ်းကျင် အောင် လေ့လာထားတဲ့ နိုင်ငံတကာ ပညာရှင်တွေ ရဲ့ဆောင်းပါး ပေါင်းချုပ် အနေနဲ့ ဆရာဝန်တင်ရွှေ ရေးထားတဲ့ စာအုပ်ကနေကူးယူဖော်ပြပါတယ်။ ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××× အချိုအိမ်ထောင်များသည် နှစ်ပေါင်း ၂၀၊၄၀၊၆၀ တိုင်အောင် ပြဿနာမပေါ်ပဲ လက်တွဲနိုင်ကြသည်။ အချို့ကြတော့ ပေါင်းလို့ မှနှစ်မရသေးမီ မှာပင်ကွဲချင် နေကြပြီ။ ချစ်လို့တသက်လုံးပေါင်းပါမည် လို့ အများရှေ့မှာ ကတိပြုလက်ထပ် ပြီးမှ တချို့ ဘာ ကြောင့်  ပြန်ကွဲနေကြပါလိမ့်။ စိတ်ပညာပါရဂူတဦး၏ အဖြေက- ကိုတင်မောင်နှင့် မလှလှစိန် တို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ တက္ကသိုလ် သက်တမ်းတလျှောက်လုံး မောင်နှမနှင့် မခြားတစ်ဦးအပေါ်တစ်ဦးစောင့်ရှောက်ခဲ့ကြသည် ။ စာမေးပွဲတွေပြီးတော့ အိမ်ထောင်ကျသည်။ အိမ်ထောင်သက် ၄ နှစ် ပြည့် ကျော် လာသောအခါ တစ်ဦးအပေါ်တစ်ဦး မကြည့်ချင်လောက်အောင်ဒေါသတွေနှင့် ဖြစ်နေကြလေပြီ။ ထို့ကြောင့်အိမ်ေ