Posts

Showing posts with the label NEWS

သန့်ရှင်းမှုမရှိသောနို့မှုန့်များကိုသောက်သုံးသည့်ကလေးငယ်များ သေဆုံးမှုဖြစ်ပွား(TAINTED MILK)

Image
တရုတ်နိုင်ငံတွင် သန့်ရှင်းမှုမရှိသောနို့မှုန့်များကိုသောက်သုံးခဲ့သည့် ကလေးငယ်၃ဦး( ယခုသတင်းရေး ချိန်အ ထိ) သေဆုံးပြီး အနည်းဆုံး ကလေးငယ် ၆၂၀၀ ကျော်ရောဂါဝေဒနာခံစားနေရကြောင်း CNN သတင်းဌာနမှ ဖော်ပြထားသည်။ ၄င်းနို့မှုန့်ကို  တရုတ်နိုင်ငံ၏ အင်္ကြီးဆုံး Mengniu Dairy Group မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး စားသောက်ကုန်စစ် ဆေးမှု ဆိုင်ရာတာဝန်ရှိသူများ၏စစ်ဆေးတွေ့ရှိချက် အရ ၄င်းနို့မှုန့်များတွင်  ဓာတုအဆိပ် များတွေ့ရှိရ ကြောင်း သိရသည်။  ၄င်းနို့မှုန့် အပြင် Mengniu Dairy Group မှထုတ်လုပ်သော နို့မှုန့်အမျိုးအစား ပေါင်း ၂၂ ခုတွင်လည်းအဆိပ် ဖြစ်စေသော ဓာတုပစ္စည်းများပါဝင်ကြောင်း ။ အချို့ပါဝင်ရမည့် ပစ္စည်းအချိုးအစားမှာလည်း လွန်ကဲစွာ ပါဝင် နေကြောင်း တွေ့ရှိရသည် ဟု စစ်ဆေးရေး တာဝန်ရှိသူများက ဆိုသည်။ ယင်းနို့မှုန့်များကို သောက်သုံးမိသောကလေးငယ်များမှာ ရောဂါဝေဒနာ ခံစားရကာ အသက်သေဆုံးသည်အ ထိ ဖြစ်နိုင်ကြောင်း တရုတ်ကျန်းမာရေးအရာရှိများကပြောကြားသည်။  အဆိုပါနို့မှုန့်များကို ဘင်္ဂလားဒေ့ရှ် ၊ ယီမင် ၊ ဂါဘွန် ၊ ဘူရီဒွန် နှင့် မြန်မာ နိုင်ငံ သို့ တင်ပို့လျှက်ရှိရာ ယခုအခါ ပိတ်ပင် ထားပြီးဖြစ်ကြောင်းသိရသည်။ (ကိုး...