Posts

Showing posts from August, 2008

ပန်းသီးနှစ်ပတ်လည်

Image
ခြောက်ဂဏန်းတစ်ခုမှာ ငါချောက်ကမ်းပါးတစ်ခုကနေ ကယ်တင်ခြင်းခံရတယ် ခွန်နစ်ဂဏန်းနေ့မှာ ငါ အလွန်အကျွံ ချစ်တတ်ခဲ့ပြီ တစ်ဆယ်ဂဏန်းတစ်ခုမှာတော့ ငါတွယ်တာရာမြတ်နိုးမှုတစ်ခုကို အပိုင်ရခဲ့တယ် သို့သော် ဆိုင်သာဆိုင် မပိုင်တာလား ပိုင်သာပိုင်ဆိုင်ခွင့်မရသေးတာ လား???? ငါ့ဟစ်တိုင် ညခေါင်းဦးထက်မှာ စိုတလှည့်ခြောက်တစ်လှည့် သြော်....နောက်တစ်ခါမြောက်ပြန်လေတွေလာရင် ငါတို့စားခဲ့တဲ့ ပန်းသီးနှစ်ပတ်လည်မယ်.။ ။။။။။။။။

ညနေခင်းလမ်း

Image
ညနေခင်းလမ်း ငါ့ကိုအလွမ်းပြည့်စေခဲ့တယ် အနမ်းနဲ့ လမ်းခွဲခဲ့တာ ငါနောက်ကြောင်းပြန်မလှည့်ချင်ဘူး ဒီလိုမိုးစုတ်စုတ်ချုပ်တိုင်း နင်နဲ့ငါ တံတိုင်းခြားဆဲလေ ဘ၀ရဲ့ ဒီအပိုင်းအခြားကို ငါအဆိုင်းမတွ ကျော်ခွပစ်ချင်တယ် မပြည့်စုံတဲ့မနက်တွေ ဒီတသက်မေ့မယ်မထင်ဘူး အိပ်ယာပေါ်က ခြေချတိုင်း ငါ့ရင်ကလှိုင်းတစ်ချို့ကြောင့် ငါ့နားနင်မရှိနိုင်သေးတာကိုမုန်းတယ်။ သြော် ရောက်လာပြန်ပြီ ဒီ ညနေခင်းလမ်း ငါတို့ အနမ်းနဲ့ပဲ လမ်းခွဲကြစို့ရဲ့။။။။။

ဟာသသက်သက်ဖြစ်ပါတယ်(၂)

Image
စာကြီးပေကြီးဖတ်နေတယ်ပေါ့လေ...... အာ...ဒီယင်ကောင်နဲ့ ကတော့ လာစမ်း............... အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အမျိုးပြုတ်ပြီ မလုပ်ပါနဲ့ဗျ......ဟ ဟ အားးးးးးးး ရေခဲမုန့်လေးကကောင်းလိုက်တာ.... မအောင့်နိုင်တော့လဲဗျာ... ဟားဟားဟား ရယ်လိုက်စမ်းပါ။ အားရပါးရသာ ရယ်လိုက်။

ဟာသသက်သက်ဖြစ်ပါတယ်

Image
သူငယ်ချင်းတစ်ယောက်ထံမှ mail ပို့လိုက်ချင်းဖြစ်ပါတယ်ဗျာ။ ရယ်မောရစေရန် ရည်ရွယ်ပါတယ်။ ဘာတွေလဲ သိချင်လား Show Full Post ကိုနှိပ်လိုက်လေ။ :) တော်တော်ခက်ခဲတာပဲ.....ဟီးဟီးးး ပြိုင်စရာရှားလို့ကွယ်..... ဈေးအပေါဆုံးလက်နတ် ချစ်ကြရာဝယ် မျောက်ရှုံးအောင်ဆော့တယ်နော်......... ရေကူးကန်ထဲ အီးမပါရ...ဟဟ