Posts

Blogger to Wordpress

ကျွန်တော့ဘလောဂ့်လေးကို နေရာရွှေ့ပြောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျော်ခွရေးရတာ အဆင်မပြေလို့ ပါ။ ကျွန်တော့ ဘလောဂ့်ကို ဖတ်ရှုနေကြတဲ့ ကျွန်တော့ မိတ်ဆွေ  သူငယ်ချင်းများ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုတော့ ကျွန်တော့ ဘလောဂ့်လေးကို http://aungmyohan.mmgenius.com/ မှာပြောင်းရေးနေပါတယ်။ အဲလိုဆိုတော့ ကျွန်တော်လဲကျော်မရေးရတော့ သလို ကျွန်တော့ မိတ်ဆွေ ပရိတ်သတ်တွေ လဲ ပိုပြီးလွယ်လွယ်ကူ ကူ ဖတ်ရှုနိုင်မှာပါ။လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ -- အားလုံးကို ခင်မင်လေးစားလျှက် အောင်မျိုးဟန်@ ရက်ရာဇာ

ဒီဇင်ဘာရဲ့နောက်ဆုံးည@ ၂၀၀၈ ရဲ့ နောက်ဆုံးည

Image
အရမ်းချစ်စရာကောင်းတဲ့ ကျွန်တော့် ရဲ့ ချစ်သူလေးနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ အဲဒီ ဒီဇင်ဘာရဲ့နောက်ဆုံးည လေးပေါ့ဗျာ။ ရင်ခုန်သံတွေ သာကြားရတဲ့ အချိန် နာရီလက်တံလေး နှစ်ချောင်းထပ်သွားတဲ့ အခါမှာ "Happy New Year" လို့ နှစ်ယောက်ပြိုင်တူအော်ခဲ့ကြတယ်လေ။နောက် နှုတ်ခမ်းတွေထက်အနမ်းတွေ ကြွေ ။ အပြင်မှာ နှင်းပွင့်တွေ ဖြာဆင်း အဆင်းလှတဲ့ ဒီဇင်ဘာညလေးပေါ့ဗျာ။ အေးစက်တဲ့ ဆောင်းကို အံတုဖို့ သူ့ကိုယ်ငွေ့နွေးနွေလေးက လုံလောက်နေတယ်။ သြော်ဒီဇင်ဘာရယ် နောက် ၂၀၀၈ ခုနှစ်ကြီးရယ် မင်းတို့ ဟာ ငါ့ အတွက်တော့ အမှတ်တရများစွာနဲ့ ဖြတ်သန်းသွားခဲ့တဲ့ ဘ၀မှတ်တိုင်တစ်ခုပါပဲကွာ။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၂၅ သူနဲ့ကျွန်တော်ရဲ့ စတင်ရာနေ့တစ်နေ့ အဖြစ် သတ်မှတ်မယ်လေ။ အဲဒီ Dinner ညလေးပေါ့ ၂၀၀၈ ဖေဖော်ဝါရီလ ၆ ရက် သူ့လက်ဖျားလေးတွေ ကို စတင်ထိတွေ့ခဲ့တယ် ၂၀၀၈ ဧပြီလ ၁၀ ရက် သူ့ကို ကျွန်တော့ရင်ခွင်ထဲမှာထားခြင်းဖြင့် ကျွန်တော့ဘ၀တစ်ခုလုံးရဲ့လုံခြုံရာနေရာတစ်ခုကို ရှာတွေ့ခဲ့ပြီ။ ကျွန်တော်တို့တစ်တွေ ပေါင်းစည်းခဲ့ကြပြီ။ ၂၀၀၈ ဂျူလိုင် ၇ ရက် ပထမဦးဆုံး သူ့ဆီက ရခဲ့တဲ့ လက်ဆောင် ကျွန်တော့်ဘ၀မှာ အလိုချင်ဆုံးနဲ့ အကျေနပ်ဆုံး ၂၀၀၈ ဂျူလိုင် ၃၁ ရက် ကျွန

ကောင်ဆိုးမလေးသို့

သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့စိတ်တွေသာ လက်တွေခြေတွေပါခဲ့ရင် နင့်ခေါင်းတစ်ခုလုံးလဲ ဖူးယောင်လို့နေမှာပဲ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့အိပ်မက်တွေသာတကယ်ဖြစ်နေမယ်ဆိုရင် နင် ငါ့ရင်ခွင်ထဲမှာ အသက်ရှုကျပ်နေလောက်ပြီပေါ့ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့ရင်ထဲကို နင်မြင်တတ်မယ်ဆိုရင် နင်ငါ့အချစ်တွေအကြောင်း လူတစ်ကာကို ကြွားနေလောက်ပြီပေါ့ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့တန်ဖိုးတွေအကြောင်းနင်သိမယ်ဆိုရင် နင့်ကိုယ်ပေါ်မှာ ငါမကြိုက်တာတွေ နင်ဝတ်မယ်မထင်တော့ဘူး သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါဟာနင့်ကို ကမ္ဘာဦး စုံတွဲထက်ပိုချစ်တယ် ငါ့ကိုယ်ငါထက်ပိုတန်ဖိုးထားမိတယ် ငါ့ဘ၀တစ်ခုလုံးစာထက်မျှော်လင့်မိတယ် ငါ့ဂုဏ်သိက္ခာတစ်ခုလုံးပုံအပ်ထားမိတဲ့အထိ အလေးထားနေမိတယ်။။

နှစ်သစ်ကူးကဗျာ

တိတ်ဆိတ်လွန်းတဲ့ည စကားသံတီးတိုးနဲ့ သူ ချွဲနွဲ့နေခဲ့တဲ့ ည အဲဒီည နှစ်သစ်ကူးည ၀င်သက်ထွက်သက်တွေ လှုပ်ရှား တစ်ချက်ချက်သွားနေတဲ့ နာရီကိုတောင်ရပ်ထားချင်မိရဲ့ အိုနှစ်သစ်ကူးည စိုအိတဲ့နှုတ်ခမ်းအတွေ့ နွေးထွေးတဲ့ သူ့ရင်ငွေ့ ကိုယ့်ရင်ငွေ့ခိုလှုံရင်း ဒီအချိန်လေးပြီးဆုံးမှာ ပူပန်နေရသူ ချစ်ခြင်းတွေနဲ့အတူပေါ့ နှစ်စဉ်အထီးကျန်ခဲ့သမျှ ဒီညမှအတိုးချလို့ အဘိုးတွေ အဘွားတွေ အခေါ်ခံရချိန်အထိ တို့ အတူ......... ဖြတ်သန်းသွားကြမယ် 2008 - 2009 မှစနှစ်အသင်္ချေထိနော်

ဂုဏ်သိက္ခာမလေးသို့

Image
ငါ့ဂုဏ်သိက္ခာမလေးရေ တင်ဆက်နေတဲ့ ငါ့မျက်နှာထက် ကန်လန့်ကာနောက်က ငါ့ရင်ခွင်ကပို ခံစားတတ်နေတယ်ကွယ် နင့်စကားတစ်ခွန်းတိုင်းဟာ အမိန့်တော်တွေဆိုရင် ငါ့ခါးကြားကလက်သုံးတော်ကိုထုတ် ငါ့ကိုငါကွက်မျက်ဆိုလဲ ခံဝင့်ပါတယ်။ ဒါပေမယ့် အရှင်ထားရာနေ အရှင်စေရာသွား ကျွန်ငမိုက်သားကို အရှင့်မျက်နှာတော်လွှဲ ဥပက္ခာပြုမနေပါနဲ့ အကျွန့်ရင်မှာမချိတင်ကဲ ခံစားရလွန်းလို့ပါ။။။။

အမေ

အမေ အမေကတော့ တကယ့်အမေပါပဲဗျာ သားအကြီးဆုံးကို အင်ဂျင်နီယာတစ်ယောက်ဖြစ်အောင် ပြုစုဆုံးမပေးနိင်ခဲ့တယ်နော် အမေ အမေကတော့ တကယ့်အမေပါပဲဗျာ သမီးအလတ်က ဥပဒေအရာရှိဖြစ်စေဦးမတဲ့ တတ်လဲတတ်နိုင်တဲ့ အမေပဲဗျာ ဗျာအမေ အမေကတော့ တကယ့်အမေပဲဗျာ သားအငယ်ဆုံးလေးက စစ်ဗိုလ်ကြီးဖြစ်ပြီဆိုပဲ တော်လဲတော်တဲ့ အမေ တစ်ခုလောက်မေးပါရစေ အမေ အမေ့သားတွေ သမီးတွေ ဒီလိုတိုးတက်အောင် အမေဘာကြောင့် ပြုစုခဲ့တာလဲအမေ ဗျာအမေ ပီတိလေးတစ်ခုအတွက် တဲ့ လားအမေ အမေ့သားတွေ သမီးတွေ ဆီက ဘာမှမမျှော်လင့်ပါဘူးတဲ့ လားအမေ အမေ...... အမေ...... အမေ.....ရယ်။       ။ ရက်ရာဇာ@အောင်မျိုးဟန်

Blog ပြန်ရေးတော့မည်

ကျွန်တော့် ဘလောက်လေးကို ပစ်ထားခဲ့တာတော်တော်ကြာသွားပြီဗျာ။ ကျော်ရတာ စိတ်မရှည်တာ။ နောက်ရေးဖို့ အကြောင်း လဲမရှိတာနဲ့ (အပြင်းကြီးတာ အဓိက) မရေးဖြစ်တာပေါ့ဗျာ။ခုတော့ ကျွန်တော်ကြိုးစားပြီးပြန်ရေးတော့မယ်ဗျာ။ ဘလောက်ကို ဘာ ကြောင့်ရေးတာလဲ ဆိုတော့ ရေးချင်လို့ကိုရေးတာဗျာ။ အဲလိုဖြေ ဖူးတယ် ။ အဲဒီအချိန်တွေ တုန်းက တစ်နေ့တစ်နေ့ Text Editor ကို ဖွင့်လိုက်တာနဲ့ ရေးစရာတွေအပြည့် ကဗျာတွေ ဒလဟောထွက်ကျလာခဲ့တဲ့နေ့တွေ ပေါ့။ ကိုဂေါက် တို့ ပြောသလိုဆို Post ဘာပန်းတယ်ဆိုလား ဟဲဟဲ.... ဘလောက်မရေးဖြစ်တဲ့ အချိန်တွေမှာတောင် ကျွန်တော့် ဘလောက်ရဲ့ Hit counter  ကတက်နေခဲ့တယ်။ အဲဒီအတွက် ကျွန်တော့် ဘလောက်ကို လာရောက်လည်ပတ် ကြသူများ ကို ကျွန်တော့ကိုယ်စားကျွန်တော်ကပဲ အထူးကျေးဇူးတင်ပါတယ်လို့ ပြောပါရစေနော။ New Year လဲနှီးလာပြီဆိုတော့ အားလုံးအတွက် Happy New Year ပါလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ကျွန်တော့် ဘလောက်ဂါသူငယ်ချင်းများနဲ့ ကျွန်တော့် စာတိုပေစ မတောက်တစ်ခေါက်လေးတွေကို အချိန်ပေးလာဖတ်ပေးကြတဲ့ စာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေဗျာ။။။။ ရက်ရာဇာ@အောင်မျိုးဟန်