Posts

Showing posts from April 9, 2008

ငါတို့ခရီး

Image
ဘာမှတွေဝေမနေနဲ့တော့ချစ်သူ လာကိုယ့်လက်ကိုသာမြဲမြဲကိုင်ထား အတိုက်အခိုက်တွေကို ဖြတ်သန်းဖို့ ငါ့အတွက်အင်အားက မင်းပါပဲ အရင်းခံချစ်ခြင်းတွေနဲ့ မင်းကို ကိုယ်ပြင်းထန်စွာရူးသွပ်နေပါတယ် မြတ်နိုးမှုလေးလဲပါတာပေါ့ကွယ် ငါမျှော်လင့်ထားတဲ့ ငါတို့ခရီးကိုရှေ့ဆက်နိုင်ဖို့ အားမလျှော့လိုက်ပါနဲ့ ချစ်သူ နောက်ဆုံးအချိန်ထိ ငါတို့ ရင်ဆိုင်သွားမယ် ဘာရလဒ်ရရပေါ့။ ။

လက်ထပ်လက်စွပ်

Image
မင်းရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ လက်စွပ်လေးတကွင်းငါစွပ်ပေးပါရစေ ဘာလက်စွပ်လဲလို့ မင်းမေးရင် ငါဖြေလိုက်မယ် `လက်ထပ်လက်စွပ်ပါ ချစ်သူ´လို့လေ မင်းရှက်ပြီးရယ်နေမှာငါမြင်ယောင်ပါသေးရဲ့ တချို့က ညာဘက်လက်သူကြွယ်မှာဝတ်ကြတယ် ဒါပေမဲ့ ချစ်သူ ရယ် ဘာပဲဖြစ်ဖြစ်ပေါ့ ဘယ်ဘက်လက်သူကြွယ်မှာပဲ ၀တ်လိုက်ပါ မင်းရင်ထဲမှာတော့ ငါ့ကို ထည့်ထားပေးလိုက်နော်။။

အိပ်မက်ဖြစ်သွားပြီလား

Image
ဘာလဲ ဘာတွေလဲကွာ ဘာမှကိုမသိတော့တာပါ ငါ့အိပ်မက်တွေတစ်ခုမှ အရာမထင်နေခဲ့ဘူးလေ အိပ်မက်က အိပ်မက်ပဲလား အိပ်မက်လို့ အမည်တပ်မိတာကိုက ငါမှားတာလား အခုတော့နောက်ဆုံးအိပ်မက်တခုအကျန်မှာ ငါရပ်နေတယ် ငါကြောက်ရွံ့နေတယ် တွေဝေနေတာမဟုတ် ကြောက်ရွံ့နေတာပါ လက်တွေ့အိပ်မက်တွေဆို ခုတော့ ငါ့စိတ်ကူးယဉ်မှုတွေလား ငါ ဘာလဲ ငါ ဘယ်လဲ ငါ ဘာလုပ်ရမှာလဲ ငါ့အတွက် တခုခုတတော့ ဖြစ်ခွင့်ပေးပါ ငါ့အိပ်မက်တွေထဲကလေ.......

သော့ပျောက်တဲ့ည

တကယ်သော့ပျောက်နေတယ် ငါ့ညတွေပိတ်မိနေတယ် အခန်းတခုထဲမှာလှောင်ပိတ်ခံနေရတဲ့ငါ အနာဂတ်တံခါးတွေ တချပ်မှပွင့်မလာခဲ့ဘူး ငါ.... လှောင်ပိတ်ခံထားရတယ် ဇောချွေးတွေ တသွင်သွင်စီးကျလို့ ဘ၀နာရီတွေရဲ့ တချက်ချက် သွားသံဟာ ခြောက်လှန့်နေကြတယ် အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ငါ့မှာကူကယ်ရာမဲ့ လှုပ်ရှားနေတဲ့ ကြောက်ရွံ့စိတ်တွေရယ် အနာဂတ်ပျောက်သူတယောက်ရဲ့ သိမ်ငယ်မှုတွေရယ် ဖိဆီးခြင်းကို အချိန်နဲ့အမျှ ခံစာနေရတယ် ငါ့ထွက်ပေါက်တံခါးတချပ်မှ ပွင့်မလာသေးဘူး နံရံရဲ့အခြားတဖက်မှာ ငါ့ချစ်သူရဲ့ အော်သံကြားရတယ် သူလဲပဲ ပိတ်မိနေခဲ့ပြီထင်တယ် ငါတို့နှစ်ယောက်ဆုံစည်းဖို့ ဒီတံခါးတွေ ငါရိုက်ချိုးဖို့ အင်အားတွေဘယ်မှာလဲ ဖွင့်ထွက်ဖို့ သော့တွေဘယ်မှာလဲ ငါသော့ပျောက်နေတယ် ငါသော့ပျောက်နေတယ် အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး