Posts

Showing posts from May, 2008

TEA တို့လုပ်ချလိုက်ပုံကတော့......

Image
ကို အောင်မျိုးဟန် ပါ။ သူပဲ စာရင်းသွင်း ပြီး ပါမယ်ဆိုပြီး လုပ်တာ။ သူ့အိမ်ရောက်မှ မရိုက်ချင်ဘူးဆိုပြီး ဘူးးး ဘူးးးး ဆိုပြီး ဇွတ်ငြင်းနေတာ။ လာမရှုပ်နဲ့တဲ့။ ဒီမှာ နို့သီးခေါင်း ဆော့နေတာတဲ့။ လက်ထဲမှာ ရှိတယ်။ သူ့ကို အော်မေးလိုက်တယ်။ ဟေ့။ ပြောတုန်းကတော့ ပြောပြီးတော့ အခုမှ ရမလားဆိုပြီး။ သူက အမယ် ရုပ်တည်ကြီးနဲ့ မေ့သွားပြီတဲ့လေ။ သူ့နို့သီးခေါင်းကို ဆက်ဆော့နေတုန်း။ ကျွန်တော်က ဘေးက လူတစ်ယောက်ကို ပုလင်းတစ်လုံး ပြခိုင်းလိုက်တာ။ အံမယ်။ ဒင်းကလေးက အဲ့ဒီပုလင်းလဲ မြင်ရော။ မျက်လုံးက ပြုးလို့၊ တောက်လို့၊ ပြောင်လို့။ ကျွန်တော်လဲ အချိန်ကောင်းပဲ ဆိုပြီး ဓာတ်ပုံ မြန်မြန်ရိုက်လိုက်တယ်။ ဟဲဟဲ။ ဒီကလေးနှယ့် နိုင်ကွက်နဲ့ ဆော်မှ ရတယ်။ :P ကို တီး ပေါ့ သူ့ Blog မှာ ကလေးပုံတွေ တင်တုန်းက ကျွန်တော်လဲ စပ်ဆော့ပြီး ပါမယ်ဟေ့ ဘာညာပေါ့ သွားရေးမိတာ။ နောက် နာဂစ် မွှေတော့ အဲဒီကိစ္စ ကိုမေ့နေပြီအောက်မေ့တာ ဟိုတစ်နေ့က ကျွန်တော့်ဆီလာပြီး ပုလင်းတစ်လုံးနဲ့ရောက် လာတယ် ပြီးတော့ ကျွန်တော့ ကို လာပြတော့ အတော်ပဲ မသောက်ရတာအတော်ကြာပြီ ဆိုပြီး တံတွေးမြိုချလိုက်တာ အမိအရ ဖမ်းရိုက်သွားတာ ဒီလူတကယ်မလွယ်တဲ့ လူပဲဗျာ........

အဓိပ္ပါယ်မဲ့ .........

Image
အရာအားလုံးကိုစွန့်လွှတ်ရရင်တောင် သတိရခြင်းကိုငါပိုင်သတဲ့ ငါအရာအားလုံးကိုမစွန့်လွှတ်ပါရစေနဲ့ နင် တစ်ယောက်တော့ပိုင်ဆိုင်ပါရစေ ငါ့သတိရခြင်းတွေမှာနွေးထွေးမှုရှိစေဖို့အတွက်ပါ နင်မသိတဲ့ ငါ့ချစ်ခြင်းတွေလေ နင်မရှိတဲ့ ငါ့ဘေးနားမှာ ကြွေကျနေတယ် နင်မသိတဲ့ ငါ့အလွမ်းတွေ ငါ့ညမှာ လူလားမြောက်လာကြတယ် နင်မသိတဲ့ငါ့မျှော်လင့်ချက်တွေကတော့ ဒီညမှာပဲ သေလုမြောပါးဖြစ်ကုန်ကြတယ် ငါ............... ယုံကြည်ချက်မဲ့ ရှင်သန်နေရသလို မျှော်လင့်ချက်တစ်ချို့ မှုန်ဝါး စိုးရိမ်မှုတစ်ချို့နဲ့ အသက်ဆက်ရှင်နေရပါတယ်။ ။

ZIDDU .COM FILE SHARING

Image
ZIDDU ဆိုတဲ့ FILE SHARING SITE လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အဲဒီဆိုဒ်လေးကို ကျွန်တော် အဓိက ကြိုက်တာကတော့ UPLOAD SPEED မြန်တာပဲဗျ။တော်တော်မြန်တယ်နော် ကျွန်တော်တို့ ရဲ့ ကျလိုက်တက်လိုက် CONNECTION နဲ့တောင် ခဏလေးနဲ့ SET UP FILE တွေ တင်လို့ရတယ် ပြီးတော့ ထပ်ကြိုက်တာတစ်ခုကတော့ ကို့ဘလောက်မှာ ကိုယ်တင်ထားတဲ့ သီချင်းပဲဖြစ်ဖြစ်။SOFT WARE ပဲဖြစ်ဖြစ် တစ်ယောက်ယောက်က DOWNLOAD လုပ်တာနဲ့ သူက အလကားနေရင် ကြားကနေ 0.001 USD ပေးသေးတယ်ပြောတယ်ဗျာ။ဟုတ်တာမဟုတ်တာ အပထား ကျွန်တော်ကတော့ UPLOAD နဲ DOWNLOAD SPEED မြန်တာနဲ့တင် ကြိုက်တယ်ပြောရမယ်။ စမ်းသုံးကြည့်ပါလား ဒီနေရာမှာ ဒါမှမဟုတ် အပေါ်က ပုံပေါ်မှာ CLICK လုပ်ပြီး SIGN UP လုပ်လို့ရပါတယ်။

မင်းတစ်ယောက်သာ

Image
ငါ့ပုခုံးပေါ်မှာ မင်းတစ်ဦးတည်းသာမှေးစက်ခွင့်ရနေတာပါ ငါ့အတွေးတွေမှာ မင်းတစ်ယောက်တည်းသာချယ်လှယ်ခွင့်ရနေတာပါ ငါ့အနမ်းရာတွေဟာ မင်းနှုပ်ခမ်းတွေပေါ်မှာသာ ထင်ကျန်နေတာပါ ငါ့အိပ်မက်တွေက မင်းတစ်ယောက်တည်းအကြောင်းတွေသာပါ ဘယ်အခါမှာ မှ ငါ့အိပ်မက်ကနေ မင်းထွက်မပြေးပါနဲ့ ငါ့ပုခုံးပေါ်ကနေ အဝေးမသွားပါနဲ့ ငါ့အတွေးတွေကနေ ရွေ့ရှားမသွားပါနဲ့ ငါ့အနမ်းတွေ အမြဲ ထင်ကျန်နေခွင့်ပေးပါ ငါ့ဘ၀မှာ မင်းတစ်ယောက်သာရှိသလို မင်းဘ၀ရဲ့တစ်ယောက်တည်းသောကလည်း ငါဖြစ်ပါရစေ..ထာဝရအတွက်ပေါ့ ကွယ်....

ဘယ္လိုဘေလာ့ဂ္ဂါမ်ိဳးလဲ

Image
You Are a Life Blogger! Your blog is the story of your life - a living diary. If it happens, you blog it. And make it as entertaining as possible. သင်ရောဘယ်လို Blogger မျိုးလဲ ဒီကို နှိပ်ပြီးကြည့်ပါ

ပရမတ် by ရန်အောင်

Image
Donation Alert ကို ကိုချမ်းမြစိုး ထံမှ ယူလာပါတယ် ကိုရန်အောင့် ကဗျာပါ ကိုစိုးထက် ဆီကနေ ထပ်ဆင့်ကူးချပါတယ် ဘယ်သူလုပ်နေသလဲ … ဘာတွေလုပ်နေသလဲ … ဘယ်ကိုရောက်မှာလဲ … ဘယ်လိုယုံရမှာလဲ … ဖန်တရာတေနေအောင်မေးကြ ရေးကြ တွေးကြ ဆဲကြ ဆိုကြ နှိမ့်ချပုတ်ခတ်ကြ နာမည်ယူပြောဆိုကြ ဇမ္ဗူတလူ လူတွင်ကျယ်လုပ်ပြ အရည်မရ အဖတ်မရ ငြင်းခုန်ကြ အဖြေမထွက်ကြ အသေသတ်ကြ ဟိုမှာတော့ အစာပြတ်နေကြ၊ ရေငတ်နေကြ … ဒါတွေမေးနေတဲ့အချိန်မှာ အပြစ်မဲ့ လူသားတစ်ယောက် သေဆုံးလွင့်ပျောက်သွားနိုင်တယ် ဒါတွေ ရေးနေတဲ့အချိန်မှာ ကလေးငယ်တစ်ယောက် ရေထဲမှာ ကယ်သူမဲ့ မျောပါသွားနေနိုင်တယ် ဒါတွေ တွေးနေတဲ့အချိန်မှာ လာကယ်မယ့် စက်လှေကို စောင့်နေတဲ့ မိန်းကလေးတစ်ဦး သစ်ပင်ထက်က လိမ့်ကျသွားနိုင်တယ် ... နိုင်ငံရေးလုပ်တယ် မလုပ်ဘူး လုပ်စားတယ် မလုပ်စားဘူး ပါဝါရှိတယ် ပါဝါမရှိဘူး ငါ့နိုင်ငံရေး မှတ်တမ်း မျက်နှာစာတွေ ဒီလောက်ထူတယ် နင့်လို နုမှည့်မဟုတ်ဘူး ဒီလို ငြင်းခုန်ဘေးတီးနေရင်း ငါတို့ ရွှေမြန်မာပြည် အညွန့်ကျိုးနေရပြီ … မင်းလည်း မင်းလုပ်နိုင်တာ မင်းလုပ် ငါလည်း ငါလုပ်နိုင်တာ ငါလုပ်မယ် သူလည်း သူလုပ်နိုင်တာ သူလုပ်ပါစေ ... နိုင်ငံရေးသမားလည်း လူပဲ စစ်ဗိုလ်လည်း လူပဲ ကျောင်းသားလည်

ဘာဖြစ်သလဲနာဂစ်ရယ်

အဲဒီနေ့ကပေါ့ ည ၉နာရီလောက်အိပ်ယာထဲဝင်ဖြစ်တယ်လေ။ တလောကလုံးအမှောင်ကျနေတယ်။အိပ်ပျော်သွားလိုက်တာ ဟဲ့အောင်မျိုးဟန် ထထ ဆိုတော့ မှသတိထားမိလိုက်တာ တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ရွာနေတဲ့ မိုးတွေ မဟုတ်ဘူး တိုက်နေတဲ့လေ တွေ လေတိုက်ချက်က ရက်ရက်စက်စက်ပါလား ဟရို့။တညလုံးမအိပ်ပဲနဲ့ နေရင်းနဲ့ ထိုင်ကြည့်နေလိုက်တာ အလားလား လေထဲ မှာ သွပ်တွေသွပ်တွေ ၀ဲပျံနေလိုက်တာ ဆလောင်းဗန်းတွေရော နောက်တော့ အချိန်ဘယ်လောက်ရှိပြီလဲ သွားကြည့်လိုက်တော့ ၂ နာရီထိုးပြီးပြီ အဲဒါနဲ့ အိမ်ရှေ့ထွက်ထိုင်နေလိုက်တယ် အိပ်လို့လဲ မရတော့ဘူးလေ အဲဒီအချိန်မှာ ၀ုန်းဆိုတဲ့ အသံကြီးက နီးနီးလေးကြားလိုက်ရတော့ ကြည့်လိုက်တယ် ကျွန်တော့အိမ်ဘေးနားက သူငယ်ချင်းတယောက်အိမ်က သွပ်တွေ လန်တက် နေတာ တွေ့လိုက်ရတယ်။နောက် ဘေးအိမ်က ဆလောင်းဗန်းကြီးပြုတ်ကျ အိမ်ရှေ့က သစ်ပင်တွေ တ၀ုန်းဝုန်းလဲ ကုန်ပြီ အနှစ်နှစ်အလလက ရှေ့လူကြီးတွေ စိုက်ထားပျိုးထားတဲ့ အပင်ကြီးတွေ နှစ်ကာလများစွာ အရိပ်ပေးခဲ့တဲ့အပင်ကြီးတွေမရှိတော့ဘူး .. နောက်ဆိုပူလိုက်မယ့်နေလို့စဉ်းစားမိတယ်။ မနက်၅နာရီလောက်ရောက်တော့ ကဲလိုက်တဲ့အောင်မျိုးဟန် အပြင်ရောက်နေပြီ လမ်းလျှောက်တာ လေကတွန်းပို့နေသလိုပဲ နဲနဲ လျှောက်ပြီးရပ်နေလိုက် ဆ

မုန်တိုင်းသတင်း

Image
ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းကြောင့် မုန်တိုင်းတွေဖြစ်လာတတ်သတဲ့ မုန်တိုင်းအားကြီးရင် ကြီးသလို ပျက်စီးဆုံးရှုံးမှုကြီးမားတတ်တယ် ငါရင်ထဲမှာ သိမ်ငယ်ကြောက်ရွံမှုတွေကြောင့် ဒေါသမုန်တိုင်းတွေ မောဟမုန်တိုင်းတွေများဖြစ်လာမလား ဒါဆိုရင် ပျက်စီးမယ့်နှလုံးသားနှစ်စုံရှိနေတယ်၊ ပျက်စီးမယ့် အိပ်မက်တွေ တန်ဖိုးကြီးစွာရှိနေတယ် သေချာတည်ဆောက်ထားခဲ့ရတဲ့ အတိတ်တွေရှိနေတယ် ကျေးဇူးပြု၍ ငါ့ရင်ထဲက သိမ်ငယ်စိတ်တွေအားပျော့ပျက်ပျယ်အောင် ဆုတောင်းပေး ကြပါ။ ငါ့အိပ်မက်တွေ၊ ငါ့ နဲ့ သူ့ နှလုံးသား တွေ ငါတို့နှစ်ယောက်အချိန်တွေပေးပြီးတည်ဆောက်ထားတဲ့ အတိတ်တွေ ကို ငါနှမျောလို့ပါ။