Posts

Showing posts from March 3, 2008

My Chemical Love

မင်းရဲ့ ကိုယ်သင်းနံ့ကအစ ခုံမင်ရူးသွတ်ခဲ့သူပါ အိပ်ပျက်အောင်မနှိပ်စက်ပေမဲ့ ငါ့အိပ်ပျက်ညတချို့ဟာ မင်းနဲ့ တိုက်ရိုက်အချိုးကျခဲ့တယ် မင်းနှုတ်ခမ်းက မြည်တမ်းတဲ့ အသံတိုင်းကို သရုပ်ခွဲနေမိသူပါ အလွမ်းတချို့ကို မဆိုငြီးပါနဲ့တော့.... မင်းငါ့အချစ်ကို ဖန်ပြွန်တခုမှာထည့်ပြီး ဓာတ်ခွဲကြည့်ပါ အစမ်းသပ်ခံငါ့အချစ်တွေဟာ ဘာနဲ့ရောရော ဂုဏ်သတ္တိမပြောင်းတာကို မင်းတွေ့မယ်ဆို မင်းတန်ပါတယ် မင်းရဲ့ကော်လံတွေကိုထောင်ထားလိုက်ပါ....။

ပျက်ယွင်းသွားသော

ယုံကြည်ချက် တချို့ရှိတယ် မာကြောမှုမြင့်တယ် ထင်သာမြင်သာတယ် သိပ်သည်းမှုအားကောင်းတယ် လောကဓံကိုလည်းရင်ဆိုင်နိုင်မယ် ဒါပေမဲ့ လူတွေလက်မခံနိုင်ဘူး အချိန်ပေတံနှင့် အတိုင်းခံခဲ့ရတယ် သံသယအကြည့်တွေကို လက်ခံရရှိတယ် စကားလုံးတွေရဲ့ တိုက်စားမှုကို ပြင်းထန်စွာခံစားရတယ် ဒါကြောင့် ယုံကြည်မှုယိုင်နဲ့လာတယ် မယုံကြည်ရဲသလောက်ဖြစ်လာတယ် အနာဂတ်တချို့ကိုကြောက်လာတယ် နောက်ဆုံး ဟောင်းနွမ်းဆွေးမြေ့လာတယ် ထို့နောကှ်ုှုှုXXXXXXXXXXXXXXX.....။