Posts

Showing posts with the label JOKE

ဟာသသက်သက်ဖြစ်ပါတယ်(၂)

Image
စာကြီးပေကြီးဖတ်နေတယ်ပေါ့လေ...... အာ...ဒီယင်ကောင်နဲ့ ကတော့ လာစမ်း............... အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အမျိုးပြုတ်ပြီ မလုပ်ပါနဲ့ဗျ......ဟ ဟ အားးးးးးးး ရေခဲမုန့်လေးကကောင်းလိုက်တာ.... မအောင့်နိုင်တော့လဲဗျာ... ဟားဟားဟား ရယ်လိုက်စမ်းပါ။ အားရပါးရသာ ရယ်လိုက်။

ဟာသသက်သက်ဖြစ်ပါတယ်

Image
သူငယ်ချင်းတစ်ယောက်ထံမှ mail ပို့လိုက်ချင်းဖြစ်ပါတယ်ဗျာ။ ရယ်မောရစေရန် ရည်ရွယ်ပါတယ်။ ဘာတွေလဲ သိချင်လား Show Full Post ကိုနှိပ်လိုက်လေ။ :) တော်တော်ခက်ခဲတာပဲ.....ဟီးဟီးးး ပြိုင်စရာရှားလို့ကွယ်..... ဈေးအပေါဆုံးလက်နတ် ချစ်ကြရာဝယ် မျောက်ရှုံးအောင်ဆော့တယ်နော်......... ရေကူးကန်ထဲ အီးမပါရ...ဟဟ

မြန်မြန်ဆုံးဖြတ်မြန်မြန်လုပ်

ထရပ်ကားမောင်းသူတစ်ဦး တောလမ်းအတိုင်း မောင်းနှင်လာစဉ် သမင်တကောင်ကို မနိုင်မနင်းထမ်းလာသော မုဆိုးတစ်ဦးကတားပြီးလမ်း ကြုံလိုက်ချင်ကြောင်းပြောသည်။ ကားသမားလည်းတောလမ်းမှာ အဖော်ရသဖြင့်တင်ခဲ့လေ၏ တောလမ်းအတိုင်း ကားကို ဂရုတစိုက် မောင်း နှင်လာရင်း လမ်းကွေ့တခုကိုအကွေ့တွင် အဖွားအို တဦးနှင့် ထိပ်တိုက်တိုးလေသည်။ ကားသမားက ညာဘက်ကိုရှောင်သည်။ အဖွားအို ကလည်းညာဘက်လိုက်ရှောင်သည်။ ကားသမားက ဘယ်ကို ပြန်စွဲ၏ အဖွားအိုလဲ လန့်၍ ဘယ် ဘက်လိုက်ရှောင်သည်။ ရှောင်ရင်းတိမ်းရင်း နောင်ဆုံးအဖွားအိုကို ပွတ်သီးလေး ကပ်ရှောင်လိုက်နိုင်၏ ။ အထိတ်တ လန့် ဖြစ်နေသော ကားသမားက ကားကိုရပ်၍ သက်ပြင်းချပြီး နောက်ကြည့်မှန်ကို ကြည့်လိုက်ရာ ဒဏ်ရာဒဏ်ချက် ဖြင့် လမ်းပေါ် လဲကြနေ သော အမယ်အို ကြီးအား တွေ့လိုက်ရာ ကားသမားလန့်၍ တုန်တက်သွားလေသည်။ ပြီးမှ ကတုန်ကရင်ဖြင့် မုဆိုးဖက်လှည့်ကြည်ရင်း မယုံကြည်စွာပြောသည်။ ဘယ်လိုဖြစ်သွားတာလဲဗျာ... မုဆိုးက ထရပ်ကားမောင်းသမားအား တပည့်ငယ်တယောက်ကိုကြည့်သလိုပြုံးပြုံးကြီးကြည့်ရင်း........ မောင်ရင် သမ္ဘာနုသေးတယ်ပြောရမယ်..ဟင်း..ဟင်း..မုဆိုးကောင်းမဟုတ်သေးဘူး..ကိုယ်သာတိတိကျကျ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘဲ မြန်မြန်ဆန်ဆန် မလု...

သတိုးသမီးအလိုရှိသည်။

သတိုးသမီးတဦးအလိုရှိသည်။ တနေ့နေ့တချိန်ချိန်တွင် သုဝဏ အားကစားကွင်းတွင်ကျင်းပမည့် မင်္ဂလာ အခန်းအနားအတွက် လိုအပ်နေသော သတိုးသမီး ရာထူးတနေရာစာအတွက် စိတ်ပါဝင်စားသူများလျှောက်ထားနိုင်သည်။ အသေးစိတ်ကိုအောက်တွင် လေ့လာနိုင်သည်။ အခန်းအနားပုံစံ။ ။ သုဝဏ ဘောလုံးကွင်းအတွင်း စားပွဲဝိုင်းအမြောက်အများချ၍ မုန့်ဟင်းခါး အ၀ကျွေးမည်။ိဖိတ်စာ ။ ။ မြေနီကုန်း၊၈မိုင် ကဲ့သို့သော လမ်းဆုံလမ်းခွများတွင် ဘုတ်ထောင်မည် ခံစားခွင့်။ ။ တသက်စာစိတ်အေးစေရမည်။ အေးအတူပူအမျှနေနိုင်သူကို ဦးစားပေးမည်။ စိတ်ပါဝင်စားသူများသည် ရဲစခန်းထောက်ခံစာ။ အဓိက မိဘခွင့်ပြုချက် ပါရမည်။ ဤကြော်ငြာပါ ပါသည့်နေ့မှ (၇) ရက်အတွင်း myohan006@gmail.com သို့လျှောက်ထားနိုင်ပါသည်။

ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး

သေလွန်ပြီး၍ ကောင်းကင်ဘုံတွင် စိန့်ပီတာ၏ အစစ်အဆေး ခံရန်စောင့်ဆိုင်းနေကြ သူ သုံးဦးရှိပါသည်။ စိန့်ပီတာက ပထမတဦးကို စတင်စစ်ဆေးပါသည်။ မောင်မင်း လူ့ဘ၀တုန်းက အိမ်ထောင်ရေးဖောက်ပြန်ဖူးလား... ဟုတ်ကဲ့ ဖောက်ပြန်ဖူးပါတယ်.. အေး ဒါဆိုကောင်းကင်ဘုံမှာစီးဖို့လေးဘီးကားလေးပဲရမယ်.. နောက်တယောက်လာစမ်း မင်းရော အိမ်ထောင်ရေးဖောက်ပြန်ဖူးလား ဟုတ်ကဲ့ ဘယ်နှကြိမ်လဲကွ...... နှစ်ကြိမ်ထဲပါ.. အေးဒါဆိုရင်တော့ SE Saloon ပေးရမယ် ရော့သော့ နောက်တယောက် သင်ရော လူ့ဘ၀တုန်းက အိမ်ထောင်ရေးဖောက်ပြန်ဖူးလား ... စိန့်ပီတာခင်ဗျား ကျွန်တော်တခါမှ မဖောက်ပြန်ဖူးပါဘူး ခင်ဗျား.... ဟေ မင်းကတယ်ဟုတ်ပါလား ဒါဆိုရင် မင်းစီးဖို့ ဇိမ်ခံမာစီဒီး ကားသစ်ကြီးယူစေဗျား.. ဟုတ်ပြီလား ဤသို့ဖြင့်ထိုလူသုံးယောက်လဲ မိမိရထိုက်သော ကားကိုယ်စီပေါ်တက်၍ တယောက်ကိုတယောက် နှုတ်ဆက်၍ မာစီဒီး ကားသစ်နှင့် ကို တည်တံ့ က ရှေ့ဆုံးကနေ ၍ ၀င်ကြွားစွာမောင်းထွင်သွားလေ၏ ပထမလူနှင့် ဒုတိယလူတို့က ကားစုတ်ကလေးများနှင့် ကုတ်ကုတ် က လေး လိုက်မောင်းသွားကြလေသည်။ တနေ့ သွားရင်းလာရင်း ထိုသုံးဦး ကောင်းကင်ဘုံ ၏ မီးပွိုင့် တခုတွင်ဘေးချင်းကပ်ျှုံတွေ့ကြလေ၏ ။ ထိုအခါ မာစီဒီးပေါ်မှ ကိုတည်တံ ၏ မျက်နှမှာ င...

ကင်းခြေများရဲ့အဖြစ်

ကြမ်းပိုး၊ပင့်ကူ၊ပိုးဟတ် နှင့် ကင်းခြေများ တို့ ပျော်ပွဲစားနေကြသည်။ ကြမ်းပိုးက... ကဲ...တို့ဘော်ဒါတွေ ဆုံတုန်းလေး ဘီယာလေးဘာလေး သောက်ရရင်ကောင်းမှာပေါ့ အေးကွာ..စကားပြောကောင်းသွားတာပေါ့ ကဲ..ဒါဆိုဘယ်သူသွားဝယ်မလဲ..တယောက်ယောက် တာဝန်ယူလိုက်ရင်ကောင်းမယ်နော် ပင့်ကူက စဉ်းစဉ်းစားစား နဲ့ပြောသည်။ လူဆိုတာ ခြေနှစ်ချောင်း..မြင်းကခြေလေးချောင်း..ခြေနှစ်ေိချာင်းထင်ကို ခြေလေးချောင်းက ပိုများလဲများတယ် မြန်လဲမြန်တယ်..ဒီတော့ ငါတို့အထဲမှာခြေအများဆုံး ကင်းခြေများ က သွားဝယ်ပေါ့..ဟုတ်လား ကင်းခြေများက သူ့သူငယ်ချင်းများကို ကြည့်ပြီး.. ကောင်းပြီလေ ဘော်ဘော်တို့ ဆန္ဒရှိရင်လဲ ကိုသွားပါ့မယ်..ဟုတ်ပြီလား.... ဟုဆို၍ ထထွက်သွားလေသည်။ သူငယ်ချင်းများက စားသောက်ရင်း စောင့်နေကြသည်။ နှစ်နာရီခန့်ကြာသည် ကင်းခြေများက ပြန်မလာသေး။သူငယ်ချင်းများကစောင့်ရင်း စားကြသည်မှာ ဗိုက်ကလည်းတင်း စားစရာကလည်း ကုန်သလောက်ရှိနေပြီ။ ပိုးဟပ်က စိတ်ပျက်စွာပြောသည်။ ကင်းခြေများကလည်းကွာ နာမည်နဲ့လိုက်အောင် ဘယ်များသွားခြေများနေပါလိမ့် ဟုတ်ပါ့ကွာ ဒီကောင်ကြီး ခိုင်းလိုက်ရင် ဒီအတိုင်းပဲ ဘ်ာတော့မှာဖြောင့်ဖြောင့်တန်းတန်း မသွားဘူး... ပိုးဟပ်စကားကို ပင့်ကူကထောက်ခံ၏ ။ ကြမ...

အမှန်တရားကိုလက်တွေ့ပြခြင်း

လူတဦး၏ ဘ၀အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ရိုးသားမှုနှင့် အမှန်တရားကို လက်ကိုင်ထားရှိခြင်းအပေါ်မူတည်ပါသည်။ မည်မျှကြီး ကျယ်သောသူဖြစ်ပါစေ မမှန်ကန်ခြင်း၊ရိုးသာမှုမရှိခြင်း တို့ကသူ့ဘ၀ကိုမုချဖျက်ဆီးပစ်နိုင်ပါသည်။ တချို့က အမှန်ကိုပြုနေရင်းနှင့် အမှားများစွာ ဖြစ်သွားတတ်ကြသည် ။ ဆင်ခြင်ခြင်း သည် အမှန်ကိုရောက်နိုင်သော လမ်းသွယ်တခု ဖြစ်ပါသည်။ပညာရှင်များက အမှားမပြုမိခြင်းကို မင်္ဂလာဟု မယူဆခဲ့ကြ။ ကြီးကျယ်မြင့်မြတ်သော ဂုဏ်သတ္တိကို မိမိကိုယ်တိုင်ပြုနိုင်သော စွမ်းရည် မိမိ ၌သာရှိသည်ဟု ယုံကြည်ကြသည်။အမှားကိုပြင် ပြီးလျှင်မိမိ၏ကိုယ်စိတ် နှလုံးသုံးပါးစလုံး အသစ်ဖြစ်စေခြငါးသာမင်္ဂလာဟု ဆိုသော် အမှန်တရားမှာမျက်စေ့စုံမှိတ် ပြုလုပ်ခြင်းတစ်ခုမှမရှိပေ။ အဘက်ဘက်မှ ထောက်ချင့်ပြီးမှ အဖြစ်နိုင်ဆုံးသော လမ်းတခုကို ရွေးချယ်ခြင်းသာ ဖြစ်သည်။ တစ်ဖက်တွင် အမှန်တရားရှိ၏ ။ မှန်လျှင်မှန်မည် ၊ မှားလျှင်မှားမည်သာ ဖြစ်၏ ။ အမှားကို အရင်သိမှ အမှန်တရားကို ဖွင့်ရှာမည်ဟူသောအယူအဆ သည် သင်နှင့်သင့်အောင်မြင်မှု ကို အနည်းနှင့်အများ နှောင့်နေးစေမှာ ဖြစ်သည်။ အမှန်နှင့်အမှားသည် ၅၀% စီသာရှိ၏ ။ ထိုအရာကိုသာလူတို့၏ အားနည်းချက်ကြောင့် အမှားသည် ၇၀% ထိတိုးလ...

တခုတည်းပါ

“မောင် ၊ မအဖေက သူနဲ့ လိုက်တွေ့ ဖို့ခေါ်ထားတာကြာပြီ လို့ပြောနေပြီ ၊ မောင်ဘယ်တော့လိုက်တွေ့မှာလဲ” “ကဲပါ ၊ အခုလိုက်တွေ့မည်” ဒီလိုနဲ့ ကောင်လေးတယောက် ယောက္ခမ ရဲ့ အစစ်ဆေးခံရန် ရောက်သွားခဲ့ရသည်။ ယောက္ခမကလည်း ကုလားထိုင်တွင် မိန့်မိန့်ကြီး ထိုင်ပြီး စစ်ဆေးခန်းစပါတော့သည်။ “ကဲ ၊မောင်ရင် ဦးကတော့ မောင်ရင်ကိုအထူးအထွေ မိတ်ဆက်စရာမလိုဘူးထင်တယ် ဟုတ်လား။ များများစားစားလဲမေးစရာ မရှိပါဘူးကွာ” ”မောင်ရင် အရက်သောက်တတ်လား” “မသောက်တတ်ပါဘူး ခင်ဗျ” ”ဒါဆို ဖဲတော့ ရိုက်တတ်မှာပေါ့ ” “မရိုက်ပါဘူး ဦး” “ဆေးလိပ်ကော” “ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူးခင်ဗျ” ”မိန်းမကိစ္စကောရှင်းရဲ့လား” “ဟုတ်ကဲ့၊ ရှင်းပါတယ်ဦး” “အာ ဒါဆိုမောင်ရင် ဘာမဟုတ်တာလုပ်တတ်သလဲ” “ကျွန်တော် လိမ်ပြောတာကလွဲလို့ ဘာမဟုတ်တာမှ မလုပ်ပါဘူး ဦး”

ဆင်ဖမ်းမယ် ကျားဖမ်းမယ် လေယာဉ်ပြန်ပေး ဆွဲမယ်။

ကြားဖူးကြမှာပါ ။ အရင်က သိပ်အကြွားသန်တဲ့ လူတယောက်ရှိတယ် ။ အမြဲတမ်းစကားပြောရင် လေကြီးလေကြယ်နဲ့ပေါ့။ တရက်သူ့ သူငယ်ချင်းတွေ နဲ့ စွန့်စားခန်းတချို့ အကြောင်းပြောရင်း ငါတောထဲ သွားတုန်းက ပေါ့ဆိုပြီးအစချီပြီး ပြောလိုက်တာ တောထဲမှာ ဆင်ဖမ်းခဲ့တာကော ။ ကျားအရှင်လတ်လတ် ဖမ်းခဲပတာကော။ပြောရင်းနဲ့ မာန်ပါပြီး နိုင်ငံခြားတောင် သွားပြီး လေယာဉ်တောင်ပြန်ပေး ဆွဲခဲ့သေးတယ် ဆိုပဲ။ သူ့မိတ်ဆွေတချို့ကတော့ အဟုတ်ကြီး မှတ်ပြီး ယုံကြတာပေါ့နော်။ သူ့ကိုလဲ နဲနဲ ရှိန်သွားတာပေါ့။ ဒီလိုနဲ့ တရက်သူ့ ကိုအားကိုးတဲ့လူတယောက် က အကူအညီတောင်းချင်လို့ အိမ်ကိုထမင်းစား ဖိတ်တာပေါ့။ သူကလဲ ဟိတ်ဟန်အပြည့်နဲ့ သွားတာပေါ့ ။ အိမ်ပေါက်ဝရောက်တော့ မှ ချိတ်ထားတဲ့ဆိုင်းဘုတ် ကို ကြည့်ပြီး ပြောလိုက်တာက `ဟေ့ ခွေးကြည့်ကြပါဦး ကွ´ တဲ့ ပြောချင်တာကတော့ ကြီးကြီးကျယ်ကျယ် ပြောပြီးမှတော့ ခွေးမကြည့်ခိုင်းနဲ့တော့နော် လို့။

ကျွန်တော့အဖေဗျ

ရထားတစ်စင်းပေါ်တွင်လူငယ်တစ်ယောက်ရထားလက်မှတ်မပါပဲ တခြားသူဧ။် ထိုင်ခုံတွင်ဝင်ထိုင်နေသောကြောင့် ရထားတွဲထိန်းက ၀င်ဖြေရှင်းပေးနေသည်။ တွဲထိန်း “ဟေ့ကောင်လေး ရထားစီးရင်လက်မှတ်ဝယ်စီးရတယ်ကွ” လူငယ် “လက်မှတ်ဝယ်မစီးရင်ဘာဖြစ်မလဲဗျ” တွဲထိန်း “ဟ မင်းနှယ် မင်းကိုဒဏ်ရိုက် လိမ့်မယ်ကွ” လူငယ် “ဘယ်သူက ဒဏ်ရိုက်မှာလဲ” တွဲထိန်း “လက်မှတ်စစ်ကပေါ့ကွ” လူငယ် “အဲဒီလက်မှတ်စစ်က ကျွန်တော့အဖေဗျ”