Posts

Showing posts with the label POEM

ကောင်ဆိုးမလေးသို့

သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့စိတ်တွေသာ လက်တွေခြေတွေပါခဲ့ရင် နင့်ခေါင်းတစ်ခုလုံးလဲ ဖူးယောင်လို့နေမှာပဲ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့အိပ်မက်တွေသာတကယ်ဖြစ်နေမယ်ဆိုရင် နင် ငါ့ရင်ခွင်ထဲမှာ အသက်ရှုကျပ်နေလောက်ပြီပေါ့ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့ရင်ထဲကို နင်မြင်တတ်မယ်ဆိုရင် နင်ငါ့အချစ်တွေအကြောင်း လူတစ်ကာကို ကြွားနေလောက်ပြီပေါ့ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့တန်ဖိုးတွေအကြောင်းနင်သိမယ်ဆိုရင် နင့်ကိုယ်ပေါ်မှာ ငါမကြိုက်တာတွေ နင်ဝတ်မယ်မထင်တော့ဘူး သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါဟာနင့်ကို ကမ္ဘာဦး စုံတွဲထက်ပိုချစ်တယ် ငါ့ကိုယ်ငါထက်ပိုတန်ဖိုးထားမိတယ် ငါ့ဘ၀တစ်ခုလုံးစာထက်မျှော်လင့်မိတယ် ငါ့ဂုဏ်သိက္ခာတစ်ခုလုံးပုံအပ်ထားမိတဲ့အထိ အလေးထားနေမိတယ်။။

နှစ်သစ်ကူးကဗျာ

တိတ်ဆိတ်လွန်းတဲ့ည စကားသံတီးတိုးနဲ့ သူ ချွဲနွဲ့နေခဲ့တဲ့ ည အဲဒီည နှစ်သစ်ကူးည ၀င်သက်ထွက်သက်တွေ လှုပ်ရှား တစ်ချက်ချက်သွားနေတဲ့ နာရီကိုတောင်ရပ်ထားချင်မိရဲ့ အိုနှစ်သစ်ကူးည စိုအိတဲ့နှုတ်ခမ်းအတွေ့ နွေးထွေးတဲ့ သူ့ရင်ငွေ့ ကိုယ့်ရင်ငွေ့ခိုလှုံရင်း ဒီအချိန်လေးပြီးဆုံးမှာ ပူပန်နေရသူ ချစ်ခြင်းတွေနဲ့အတူပေါ့ နှစ်စဉ်အထီးကျန်ခဲ့သမျှ ဒီညမှအတိုးချလို့ အဘိုးတွေ အဘွားတွေ အခေါ်ခံရချိန်အထိ တို့ အတူ......... ဖြတ်သန်းသွားကြမယ် 2008 - 2009 မှစနှစ်အသင်္ချေထိနော်

ဂုဏ်သိက္ခာမလေးသို့

Image
ငါ့ဂုဏ်သိက္ခာမလေးရေ တင်ဆက်နေတဲ့ ငါ့မျက်နှာထက် ကန်လန့်ကာနောက်က ငါ့ရင်ခွင်ကပို ခံစားတတ်နေတယ်ကွယ် နင့်စကားတစ်ခွန်းတိုင်းဟာ အမိန့်တော်တွေဆိုရင် ငါ့ခါးကြားကလက်သုံးတော်ကိုထုတ် ငါ့ကိုငါကွက်မျက်ဆိုလဲ ခံဝင့်ပါတယ်။ ဒါပေမယ့် အရှင်ထားရာနေ အရှင်စေရာသွား ကျွန်ငမိုက်သားကို အရှင့်မျက်နှာတော်လွှဲ ဥပက္ခာပြုမနေပါနဲ့ အကျွန့်ရင်မှာမချိတင်ကဲ ခံစားရလွန်းလို့ပါ။။။။

အမေ

အမေ အမေကတော့ တကယ့်အမေပါပဲဗျာ သားအကြီးဆုံးကို အင်ဂျင်နီယာတစ်ယောက်ဖြစ်အောင် ပြုစုဆုံးမပေးနိင်ခဲ့တယ်နော် အမေ အမေကတော့ တကယ့်အမေပါပဲဗျာ သမီးအလတ်က ဥပဒေအရာရှိဖြစ်စေဦးမတဲ့ တတ်လဲတတ်နိုင်တဲ့ အမေပဲဗျာ ဗျာအမေ အမေကတော့ တကယ့်အမေပဲဗျာ သားအငယ်ဆုံးလေးက စစ်ဗိုလ်ကြီးဖြစ်ပြီဆိုပဲ တော်လဲတော်တဲ့ အမေ တစ်ခုလောက်မေးပါရစေ အမေ အမေ့သားတွေ သမီးတွေ ဒီလိုတိုးတက်အောင် အမေဘာကြောင့် ပြုစုခဲ့တာလဲအမေ ဗျာအမေ ပီတိလေးတစ်ခုအတွက် တဲ့ လားအမေ အမေ့သားတွေ သမီးတွေ ဆီက ဘာမှမမျှော်လင့်ပါဘူးတဲ့ လားအမေ အမေ...... အမေ...... အမေ.....ရယ်။       ။ ရက်ရာဇာ@အောင်မျိုးဟန်

အို.....အချစ်သို့

Image
နှုတ်ခမ်းနွေးတွေနဲ့ အလှမ်းဝေးမှာကြောက်တယ် ရင်ခွင်တံခါးကိုအသေပိတ်ခဲ့ပြီ သူ့စိတ်တွေနောက်ပြန်မသွားပါစေနဲ့။ ။ ငါ့ရဲ့ သူငယ်ချင်းဆိုတဲ့ သောကြာထောင့်ကကောင်မလေး တနင်္ဂနွေထောင့်ကိုရောက်ခဲ့တယ် အချစ်အဖြစ်နဲ့လေ.... လက်ဝါးထဲအချစ်နှစ်ပြားထည့် ငါ့သွေးနဲ့ ဆေးတစ်ခွက်တိုက်မယ် သူ့အတိတ်တွေမေ့ပျောက်နိုင်ပါစေ အိုချစ်သူ နင်ဟာ ငါ့ရဲ့ ဘ၀ နင်ဟာ ငါရှင်သန်ရာ ကောင်းကင်ကို ပိုင်စားသူ နင်ဟာ ငါ့မျှော်လင့်ချက်တို့ရဲ့ သခင်မ နင်ဟာ ငါ့ဘ၀ကိုစေစားနိုင်သူ ငါ့ရဲ့တစ်ဦးတည်းသောအချစ် သက်တော်ရာကျော်ရှည်ပါစေ......

ပန်းသီးနှစ်ပတ်လည်

Image
ခြောက်ဂဏန်းတစ်ခုမှာ ငါချောက်ကမ်းပါးတစ်ခုကနေ ကယ်တင်ခြင်းခံရတယ် ခွန်နစ်ဂဏန်းနေ့မှာ ငါ အလွန်အကျွံ ချစ်တတ်ခဲ့ပြီ တစ်ဆယ်ဂဏန်းတစ်ခုမှာတော့ ငါတွယ်တာရာမြတ်နိုးမှုတစ်ခုကို အပိုင်ရခဲ့တယ် သို့သော် ဆိုင်သာဆိုင် မပိုင်တာလား ပိုင်သာပိုင်ဆိုင်ခွင့်မရသေးတာ လား???? ငါ့ဟစ်တိုင် ညခေါင်းဦးထက်မှာ စိုတလှည့်ခြောက်တစ်လှည့် သြော်....နောက်တစ်ခါမြောက်ပြန်လေတွေလာရင် ငါတို့စားခဲ့တဲ့ ပန်းသီးနှစ်ပတ်လည်မယ်.။ ။။။။။။။။

ညနေခင်းလမ်း

Image
ညနေခင်းလမ်း ငါ့ကိုအလွမ်းပြည့်စေခဲ့တယ် အနမ်းနဲ့ လမ်းခွဲခဲ့တာ ငါနောက်ကြောင်းပြန်မလှည့်ချင်ဘူး ဒီလိုမိုးစုတ်စုတ်ချုပ်တိုင်း နင်နဲ့ငါ တံတိုင်းခြားဆဲလေ ဘ၀ရဲ့ ဒီအပိုင်းအခြားကို ငါအဆိုင်းမတွ ကျော်ခွပစ်ချင်တယ် မပြည့်စုံတဲ့မနက်တွေ ဒီတသက်မေ့မယ်မထင်ဘူး အိပ်ယာပေါ်က ခြေချတိုင်း ငါ့ရင်ကလှိုင်းတစ်ချို့ကြောင့် ငါ့နားနင်မရှိနိုင်သေးတာကိုမုန်းတယ်။ သြော် ရောက်လာပြန်ပြီ ဒီ ညနေခင်းလမ်း ငါတို့ အနမ်းနဲ့ပဲ လမ်းခွဲကြစို့ရဲ့။။။။။

အောင်ဆန်းပေးတဲ့မြန်မာပြည်

Image
ခေါင်ခေါင် ဘလောဂ့် မှကူးချထားခြင်းဖြစ်ပါသည်။ အရပ်ပုပု မျက်မှောင်ကုတ်ကုတ် ပိုသီပတ်သီ အညာသား။ ဘီအေကျောင်းသား စကားမပြော ပြောရင်မရပ် ညှင်းသိုးသိုး အရိုးခံ ခေါင်းအမာဆုံး ဇွဲအရှိဆုံး စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။ သူမသိ နားမလည်တာတွေကအများသား ရေမကူးတတ်ဘူး စက်ဘီးမစီးတတ်ဘူး စန္ဒရားမတီးတတ်ဘူး သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး မိန်းမ မပိုးတတ်ဘူး။ ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ် မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။ လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့ အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ် သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ် - ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့ မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။ ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို ကွဲကွဲပြားပြားသိတဲ့သူ လူင...

ချစ်သူသို့

Image
ချစ်သူ အရင်ကတော့ ငါဟာ နင့်ကို မမြင်ရရင်မနေနိုင်တဲ့ ရောဂါစွဲကပ်ခဲ့တယ် နင်သိပါတယ် ချစ်သူ အရင်ကတော့ ငါဟာ နင့်အသံမကြားရင် မကျေနပ်နိုင်တဲ့ ဝေဒနာရရှိခဲ့တယ် နင်သိပါတယ် ချစ်သူ ခုတော့ငါဟာ နင်မရှိရင် မဖြစ်တဲ့ ရောဂါ ရရှိနေပြီ အဲဒီအတွက်ဆေးတစ်ခွက် နင်သိပါတယ်.......

ကြိုက်မရှက်၊ငိုက်မရှက်၊ငတ်မရှက်

Image
ကြိုက်မရှက်တဲ့ ၀န်ခံပါတယ် မင်းမျက်ဝန်း ၊ မင်းအပြုံး မင်းအကြင်နာ ၊ မင်းအနမ်း ငါစွဲလန်းလွမ်းလို့ ငါမရှက်နိုင်တော့ပါဘူး..............ိငိုက်မရှက်တဲ့ ၀န်ခံပါတယ် မင်းစကား မင်းအမူအရာ အားလုံးမှာ ငါအငိုက်မိခဲ့သူမို့ ငါမရှက်နိုင်တော့ပါဘူး................ ငတ်မရှက်တဲ့ ငါဝန်ခံပါတယ် မင်းအကြင်နာ မင်းအချစ် မင်းရဲ့ဂရုစိုက်မှုတွေကို ငါငတ်မွတ်တောင့်တစွာ လိုအပ်နေတာမို့ ငါမရှက်နိုင်တော့ပါဘူး...............

ဝီရိယ လွန်တော့??????

Image
အပူရည် (ကော်ဖီ) တွေကို မြိုချလိုက်တယ် တစ်ကြိုက်ဆိုမှ တစ်ကြိုက်တည်း ဘ၀ရဲ့ ဒီအခိုက်အတန့်ကို ကန့်လန့်တိုက်ပစ်ချင်နေတာ အရင်ဘ၀လောက်ကတည်းက ဆိုရင် မလွန်လောက်ဘူး မီးခွက်ရှိရာ ပြဿနာကရောက်လာတာပါဗျာ မီးခွက်က ပြဿနာလိုက်ရှာတာမဟုတ်ပါဘူး ဟုတ်ပါ့ ခွေးက သူ့ဘာသာအိပ်နေတာ လူတွေက သူ့အပေါ်ပြာတွေလာပုံသွားတာ ဒါနဲ့ များ ပြာပုံတိုးတယ် အပြောခံရသေးရဲ့ ဝေတေတေ၀ါးတားတား မနက်တိုင်း စားခဲ့တဲ့ မနက်စာတွေသာစကားပြောတတ်မယ်ဆို "အသင်လူသား သင်ဒီနေ့ ဘာလုပ်မလဲ" လို့မေးကြလိမ့်မယ် ရည်ရွယ်ချက်ရှိရဲ့သားနဲ့ လမ်းပျောက်တာလောက်ဆိုးတဲ့ ဘ၀ ရှိမလား အတိတ်ကံနည်းတယ်ပဲဆိုဦး ငါ...၀ီရိယတွေလွန်လို့ ကျွန်တောင်ဖြစ်တော့မယ်။။။။။။။။။။။။။

ဥပက္ခာ ၁၀၀%

Image
ကောင်မလေးရေ နင်စာဖတ်တတ်မှန်းသိလို့ ငါစာရေးမိပါတယ် ငါ့စာတွေရဲ့တန်ဖိုး နင်ဘယ်လိုသတ်မှတ်ပါသလဲ........ ကောင်မလေးရေ နင်ကြားနိုင်မှန်းသိတာမို့ ငါပြောမိခဲ့ပါတယ် ငါမင်းကိုသိပ်ချစ်တယ် ပဲ့တင်ထပ်လို့ မင်းကြားနိုင်ပါစေ...... ကောင်မလေးရေ နင်ချစ်နေမှန်းသိလို့ ငါမေးမိပါတယ် ငါ့အမေးစကား တစ်ခွန်းထက်ပိုသွားတာ ကြားချင်လွန်းလို့ပါ.............. ကောင်မလေးရေ နင်မြင်နိုင်မယ်သိလို့ ငါပြမိပါတယ် ငါ့အကြင်နာတွေေ၀၀ါးမနေပါဘူး............... ကောင်မလေးရေ ငါခံစားတတ်မှန်းသိလို့ နင်မနှိပ်စက်ပါနဲ့ကွာ နင့်ဥပက္ခာတွေ ရင်နဲ့မဆန့်တော့ဘူး.............

အစွန်းရောက်

Image
ယောက်ျားတစ်ယောက်ရဲ့မာန ခ၀ါချမိတဲ့ အထိကို ချစ်မိပါတယ် အတိုးတက်သလိုမျိုးပေါ့ မင်းရဲ့အချစ်ဆိုတာကို ကိုးကွယ်မိပါတယ် ဘာ...ကြေကွဲရမယ့်အချိန် မင်းပြောခဲ့စဉ်တုန်းက တိမ်ဝင်သွားတဲ့ ငါ့အသံတွေ မင်းမသိလိုက်တာလား ဝေ့တက်လာခဲ့တဲ့ မျက်ရည်ဆိုတာတွေကို တကယ်ရင်ဆိုင်ရတော့မှပဲ ၀တ်လည်တယ်ဆိုတာကိုလက်ခံမိတော့တယ် သြော်..ချစ်သူရယ် ငါ့အချစ်က မင်းလက်ခုတ်ထဲကရေ မင်းနေစေချင်နေ မင်းကြွေစေချင်ကြွေနေမှာပါ သေအောင်ဝေဒနာတွေမပေးဖို့တော့ နောက်ဆုံးတောင်းပန်ထားပါရစေ။ ။

ငါ့ဘုရင်မသို့......

Image
ပြင်းထန်တဲ့ အမိန့်တော်တွေ ချွေချတတ်လွန်းတဲ့ သူ့နှုတ်ခမ်းကို ခဏတစ်ဖြုတ်နှုတ်ဆက်မိလိုက်တာ တစ်ချက်လွှတ်အမိန့်တော်က "အိမ်ပြန်မယ်"တဲ့ အပြန်လမ်းတစ်လျှောက် ဆတ်တောက်တဲ့ခြေလှမ်းပုံများ ငါ့အနမ်းတွေ ခယဖူးတဲ့ သူ့ခြေသန်းလေးတွေ တောင် ပင်ပန်းနေရှာရော့မယ် ခွဲခွာချိန်ကို အပြုံးတစ်ချက်နဲ့ အဆုံးသတ်မပေးတဲ့အပြင် နှုတ်မဆက်ပဲ ရုတ်တရက်ထွက်သွား သြော်...ပြတ်သားတဲ့ သခင်မ ထွက်သွားပုံကိုငေး အတွေးတွေနဲ့ လှမ်းမျှော်နေ သူမသိလေရော့သလား အကြည့်တစ်ချက်မဝေ့ သိလျှက်နဲ့မေ့ဟန်ဆောင်သလား ငါ.. ရပ်လျှက်နဲ့မေ့နေ သြော်.. မနက်ဖြန်တွေ့နေကြနေရာကစောင့်မယ်လေ... တစ်အောင့်နေထွက်လာဦးမလား ငါအတွေးတွေနဲ့ငေးနေတုန်း မျှော်လင့်သူဆိုက်ရောက်ရာ အိမ်ရှေ့ဝရန်တာမှာ ငါ့ခြေလှမ်းတွေအလိုလိုရွေ့ သခင်မအိမ်ရှေ့ဆီသို့ ပီသကြည်မြတဲ့ ရသတစ်ခု ရင်မှာလက်ငင်းခံစား ဘယ်တော့မှချန်မထားခဲ့ပါနဲ့ ရင်မှာအစဉ်တမ်းတရသော ငါ့ ဘုရင်မရယ်။ ။

"မင်းကိုချစ်တယ်"

Image
ငါအဲဒီပထမဆုံးနေ့က စာရွက်တစ်ရွက်ပေါ်မှာ ခဲတံလေးနဲ့ ဖွဖွလေးရေးချရေးခဲ့တယ် "မင်းကိုချစ်တယ်" နောက်တဖြည်းဖြည်း အချိန်တချို့ကိုဖြတ်သန်းလာခဲ့မိတော့ တချိန်ကရေးခဲ့ဖူးတဲ့စာရွက်ကလေးရဲ့ အဲဒီစာကြောင်းလေးပေါ်မှာပဲ ဘောလ်ပင်တစ်ချောင်းနဲ့ထပ်ရေးဖြစ်ခဲ့တာက "မင်းကိုချစ်တယ်" နောက်ထပ်အချိန်တွေကုန်လွန်လာခဲ့တယ် ငါ့ဘ၀ရဲ့အချိန်တွေတိုင်းက အတွေးတိုင်းကိုစိုးမိုးလွန်းတဲ့မင်းကို ဒီနေ့တော့ ဂုဏ်ပြုတဲ့အနေနဲ့ ငါရေးခဲ့တယ် "မင်းကိုချစ်တယ်" နှလုံးသားထက်မှာဆေးမင်နဲ့ပေါ့...............

ကျေးဇူးပါရင်ထဲကသူ

Image
ကမ္ဘာကြီး ဘာကြောင့်၂၃.၅ စောင်းရတယ် ငါမသိပါဘူး ဒါပေမယ့် မျှော်လင့်ချက် အနာဂတ်ရယ် ပျော်ရွှင်ခြင်းနေ့ရက် တမ်းတစရာအိပ်မက် တွေကို မင်းဆီက ပြန်ရခဲ့တယ် ငါ့အရင်က ရယ်မောချိန်တွေဟာ မင်းဘေးနားစကားထက်ထက်တွေရှလို့ မျက်ရည်ဝိုင်းရချိန်လောက်တောင် ကြည်နူးဖို့မကောင်းပါဘူးချစ်သူ ငါ့အတွက်တော့မင်းဟာ ငါမထင်မှတ်မိတဲ့ လိုက်ဖက်ထောင့်တစ်ခုကနေ ငါမစဉ်းစားမိတဲ့အချိန်မှာ ရင်ထဲကို အဆုံးတိုင်ဝင်ရောက်နေခဲ့ပြီ။။။။။။ နာမည်မမှတ်မိလိုက်တဲ့ ၀တ္ထုစာအုပ်တစ်အုပ်က ကဗျာလေးကို ဖတ်မိပြီး ကိုယ့်ခံစားချက်နဲ့ ကိုက်ညီအောင် ပြင်ရေးမိလိုက်တာပါ။

သ၀န်ကြောင်တဲ့နေ့

Image
အဲဒီနေ့က နှလုံးသားကို ထမ်း အလွမ်းတွေနဲ့ ပင်ပန်းစွာလှမ်းလျှောက်သွားတဲ့ ငါ့ခြေလှန်းတိုင်းမှာ မင်းကပ်ရပ်ပါလာခဲ့တယ် အဲဒီနေ့က အတိတ်နဲပစ္စုပ္ပန် ကြား ငါခွဲခြားမရပဲ စကားထက်ထက်တွေကြား ကြားငြပ်နေခဲ့တယ် အဲဒီနေ့က အတွေးမျိုးစုံပတ်ဝိုင်း ငါ့ရင်မှာ လှိုင်းခပ် ဖြစ်နိုင်ရင် ငါ့မင်းကို တံတိုင်းခပ်ထားလိုက်ချင်တယ်ကွာ။။။။။

ကြယ်ကလေးသို့.....

Image
I LOVE YOU I Innocent L Loving O Odd V Vigorous E Energetic Y Youthful O Outrageous U Useful ငါ့စကားတွေ နိမ့်ကျနေလောက်တယ် ဒါပေမယ့် ငါ့အချစ်တွေ ကောင်းကင်ထက်တောင်မြင့်ပါသေးတယ် ငါခပ်မြောက်မြောက်နဲ့ မင်းလက်ကိုတွဲ လမ်းလျှောက်ရချိန်တိုင်းကို တန်ဖိုးထားခဲ့ပါတယ် ငါ့ရင်ခွင်ထဲ မင်းရောက်နေချိန်တိုင်းမှာ ငါ့နှလုံးသားအဆက်မပြတ်ခုန်နေတယ် မင်းမျက်ဝန်းညိုတို့ ငါ့ကြောင့် တစ်ခါစိုစွတ်စဉ်တုန်းက ငါအတိုင်းမသိဝမ်းနည်းခဲ့ဘူးတယ် မင်းမျက်ဝန်းညိုတို့ စိမ်းစိမ်းတောက်တော့ ငါဆောက်တည်ရာမရ ကြောက်လန့်ခဲ့ဘူးတယ် သြော် ကောင်းကင်က ကြယ်တစ်ပွင့် ငါ့ရင်ထဲကို ကြွေကျခဲ့တာလား ကြယ်ကလေးရေ မင်းကို ငါ့ဘုရင်မတစ်ပါးလို ခယပါ့မယ် ငါ့ရင်ခွင်ကို ထားခဲ့ပြီး အဝေးကိုထွက်မသွားပါနဲ့နော် ငါတစ်ယောက်တည်း မနေတတ်တော့လို့ပါ.........

ကျိမ်စာသင့်အလွမ်းည

Image

ရင်နင့်အောင်ရူး

Image
မင်းရဲ့ရက်စက်ခြင်းတွေအကြောင်း ကဗျာတပုဒ်လောက်ရေးရဦးမယ်လေ ငါဆိုနေကျသီချင်းလေးကို အဖန်ဖန်ကြားရလို့ မင်းငြီးငွေ့နေတာသိလာပါပြီ အော်..ဟောင်းလေသစ်လေ ဖြစ်နေတဲ့ ငါ့ရင်ခုန်သံတွေက နှစ်ချို့WHISKY လိုသာ တန်ဖိုးတိုးလာခဲ့တယ် ဟိုတစ်နေ့က မြင်လိုက်ရတယ် မင်းမျက်ဝန်းမှာ မီးစိမ်းစိမ်းတွေတောက်လို့ပါလား ငါ သိပ်ကြောက်သွားမိတာကို မင်းလှောင်ရယ်နေမှာ မြင်ရောင်ပါရဲ့။ ငါ ငတ်မွတ်နေတဲ့ နင့်အနမ်းတွေကို ဘယ်တော့များမှ ၀၀လင်လင် စားသုံးနိုင်မှာပါလိမ့်ကွာ ငါ မနေ့ညက အိပ်မက်တခုမှာတော့ ကျေနပ်ခွင့်ရလိုက်တယ် မင်းနဲ့အတူပေါင်းသင်းနေထိုင်ခွင့်ရလိုက်တယ်တဲ့လေ အိပ်မက်က နိုးချိန်ကျတော့ ငါလက်တွေ့မှာ မင်းရက်စက်မှုတွေအကြောင်း ကဗျာစပ်နေခဲ့တယ်။ ဟတ်ဟတ် ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်တဲ့ကံကြမ္မာလဲ ခုချိန်ထိ ငါ့အချစ်စစ်မှန်တာကို လူတွေမယုံကြည်နိုင်ကြသေးဘူးလေ။ ။