Posts

Showing posts from September 5, 2007

”နွား”

Image
ကျွန်တော့သူငယ်ချင်းမွေးနေ့လက်ဆောင်ပေးတဲ့ကဗျာပေါ့ တကောင်က သူ့ကိုလွမ်းနေရတယ် တကောင်ကို သူက လွမ်းနေရတယ် ပြီးတော့ အလွမ်းတပိုင်းတစနဲ့ တကောင်ကောင်ကိုချစ်ဖို့ကြိုးစားနေပြန်တယ် ဆုံးမပြန်ရင်လည်း Rapတွေရွတ်ပြနေဦးမယ် တော်သေးတာပေါ့ အရှုပ်ထုပ်တွေကြားမှာ အလုပ်လေးအဖက်နဲ့ စိတ်ရင်းကောင်းလေးရှိနေသေးလို့ ဘယ်လိုပဲဖြစ်ဖြစ် ထိန်းရခက်တဲ့ ဒီ..လူ့ငနွားလေးအတွက် ချည်တိုင်ကောင်းကောင်းလေးတော့ ရှာပေးဦးမှ---------------။

ရည်းစားစကားစပြောမည့်သူများအတွက်

စကားလုံးအရိုင်းတွေနဲ့ ဖွဲ့တည်တဲ့ကဗျာတစ်ပုဒ် ISOလက်မှတ်ရမထားပါဘူး ပန်းတွေနဲ့မတင်စားဘူး ချစ်သူ မင်းအလှကိုသူတို့မမှီဘူး ကိုယ့်အချစ်ကိုလဲ မနှိုင်းပြနိုင်ဘူး..ချစ်သူ ဘယ်အရာမှယှဉ်မရလို့ လိုရင်းကိုပြောမယ် မင်းကိုချစ်တယ်

မျှော်လင့်ရင်းရူး

တို့နှစ်ယောက်ချစ်ခြင်း ဝေးသွားကြပေမဲ့ ယုံကြည်ပါတယ် မချစ်လို့ဝေးရတာမှမဟုတ် အခြေအနေကြောင့် တို့နှစ်ယောက်ဝေးရပေမဲ့ ဘယ်တော့မှမမေ့ဘူးဆိုတာ ယုံကြည်ထားပါ ကြေကွဲမှုမျက်ရည်မကျချင်လို့ အလွမ်းမိုးတွေမရွာပါနဲ့လို့ မတားချင်ပါဘူး ကံကြမ္မာရက်စက်သမျှ ကြည်ဖြူစွာခွင့်လွှတ် သံယောဇဉ်တွေနှဲ့ဆက်ချစ်လို့ အလွမ်းသံစဉ်ကြားထဲ လွမ်းမောဖွယ်အတိတ်နဲ့အတူ ထာဝရမျှော်လင့်နေဦးမယ် အလွမ်းတွေနောက် အချစ်တွေပြန်ရောက်ဦးမယ်