Posts

Showing posts from December 24, 2007

အမှန်တရားကိုလက်တွေ့ပြခြင်း

လူတဦး၏ ဘ၀အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ရိုးသားမှုနှင့် အမှန်တရားကို လက်ကိုင်ထားရှိခြင်းအပေါ်မူတည်ပါသည်။ မည်မျှကြီး ကျယ်သောသူဖြစ်ပါစေ မမှန်ကန်ခြင်း၊ရိုးသာမှုမရှိခြင်း တို့ကသူ့ဘ၀ကိုမုချဖျက်ဆီးပစ်နိုင်ပါသည်။ တချို့က အမှန်ကိုပြုနေရင်းနှင့် အမှားများစွာ ဖြစ်သွားတတ်ကြသည် ။ ဆင်ခြင်ခြင်း သည် အမှန်ကိုရောက်နိုင်သော လမ်းသွယ်တခု ဖြစ်ပါသည်။ပညာရှင်များက အမှားမပြုမိခြင်းကို မင်္ဂလာဟု မယူဆခဲ့ကြ။ ကြီးကျယ်မြင့်မြတ်သော ဂုဏ်သတ္တိကို မိမိကိုယ်တိုင်ပြုနိုင်သော စွမ်းရည် မိမိ ၌သာရှိသည်ဟု ယုံကြည်ကြသည်။အမှားကိုပြင် ပြီးလျှင်မိမိ၏ကိုယ်စိတ် နှလုံးသုံးပါးစလုံး အသစ်ဖြစ်စေခြငါးသာမင်္ဂလာဟု ဆိုသော် အမှန်တရားမှာမျက်စေ့စုံမှိတ် ပြုလုပ်ခြင်းတစ်ခုမှမရှိပေ။ အဘက်ဘက်မှ ထောက်ချင့်ပြီးမှ အဖြစ်နိုင်ဆုံးသော လမ်းတခုကို ရွေးချယ်ခြင်းသာ ဖြစ်သည်။ တစ်ဖက်တွင် အမှန်တရားရှိ၏ ။ မှန်လျှင်မှန်မည် ၊ မှားလျှင်မှားမည်သာ ဖြစ်၏ ။ အမှားကို အရင်သိမှ အမှန်တရားကို ဖွင့်ရှာမည်ဟူသောအယူအဆ သည် သင်နှင့်သင့်အောင်မြင်မှု ကို အနည်းနှင့်အများ နှောင့်နေးစေမှာ ဖြစ်သည်။ အမှန်နှင့်အမှားသည် ၅၀% စီသာရှိ၏ ။ ထိုအရာကိုသာလူတို့၏ အားနည်းချက်ကြောင့် အမှားသည် ၇၀% ထိတိုးလ