Posts

Showing posts from September 14, 2007

သင်ကောဘယ်လိုမြင်သလဲ

Image
ဟိုတစ်ရက်က ပြင်ပြင်းရှိတာနဲ့ ရွှေမန်းရုပ်ရှင်ရုံ မှာတင်ထားတဲ့ အိမ်မက်စေညွှန်းရာ DVD သွားကြည့်ဖြစ်လိုက်တယ်။ခံစာချက်ချင်း တိုက်ဆိုင်တာ ထင်တယ်။ အဲဒီ့DVD ကြည့်ပြီးရင်ထဲမှာလွမ်းသလိုလိုဖြစ်လာတယ်။ အဲဒီဇာတ်လမ်းထဲမှာအဓိကပြောထားတာကို ကျွန်တော်က ဒီလိုထင်တယ် “ကိုယ့်ကောင်မလေး ကတစ်ရက်ပဲအသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်ပေးမလဲ ” ဒီဇာတ်လမ်းထဲမှာတော့ ကောင်လေးက သူ့ကောင်မလေး နဲ့ သူ့ရဲ့ဖြစ်ချင်တာတွေကို Romatic ဖြစ်အောင် ရိုက်ပြသွားတယ်ဗျ။ အဲဒီဇာတ်လမ်းလေးကြည်ပြီးတော့ လွမ်းသလိုလို အဝေးရောက်နေတဲ့ ကျွန်တော့ချစ်သူလေးဆီပဲ ပြန်ပြေးချင်သလိုလို ခံစားရတယ်ဗျာ။ ဒါပေမဲ့ အဆုံးသတ် ကလေးကို ကြတော့ သနားစရာ အဖြစ်မြင်မိတယ်။ ဟုတ်တယ် အချစ်စစ်ဆိုရင်တော့ ရင်ထဲကအချစ်က ဘယ်တော့မှသေမှာမဟုတ်တာ သေချာတယ်။ (ဒီPOSTအတွက်ကြော်ငြာခမရပါဘူးခင်ဗျာ)

အချစ်သစ်ပင်

ငါ့နှလုံးသားဥယျာဉ်မှာ အချစ်သစ်ပင်ကို ပြန်လည်ရှင်သန်စေခဲ့သူဟာမင်းပါ လမင်းလောက်မထွန်လင်းပေမဲ့ ငါ့ဥယျာဉ်အတွက်တော့ မင်းဟာတောက်ပါ့တဲ့ကြယ်ပွင့်လေးပါ ဒီကြယ်စင်ကပေးတဲ့အလင်းကို ငါတက်မက်ခဲ့တယ် ပြီးတော့ကြယ်စင်လေးကို ငါမြတ်နိုးတယ် ကြယ်စင်လေးအတွက်ရယ်ရွယ်ပြီး ငါ့သစ်ပင်လေးမှာ အကြင်နာအသီးအပွင့်တွေ ဝေဆာအောင်ကြိုးစားနေရင်းနဲ့ ငါ့ဥယျာဉ်ထဲကကြယ်စင်လေး ပျောက်ကွယ်သွားတော့ အလွမ်းပန်းတွေသာ ပွင့်နေခဲ့တာ ခုချိန်ထိပဲ ကြယ်စင်လေးရေ အချိန်တွေတွေပြောင်းသွားပေမဲ့ ငါ့ဥယျာဉ်ထဲက ငါ့သစ်ပင်လေးဟာ သစ္စာရှိစွာဆက်လက် ရှင်သန်နေဆဲပဲဆိုတာ ကြယ်စင်လေးသိမယ်ဆိုရင် (သို့မဟုတ်) လေညှင်းလေးတွေသာပြောပြတတ်မယ်ဆိုရင်