Posts

Showing posts from July 23, 2008

Tear Here=??????

Image
Tear Here တဲ့ နေရာလေးတစ်ခု Coffee Mix ထုပ်လေးပေါ်မှာ ပါတာကိုသတိထားမိခဲ့တာကြာပါပြီလေ။ ဒီ Coffee တွေ ကို သောက် လာတာလည်းအချိန်တွေတော်တော်ကြာကြာပဲကိုး ဒါပေမယ့် မတွေးခဲ့မိဘူးလေ။ခုတော့ Coffee သောက်တိုင်းသတိထားမိတွှာ Tear = မျက်ရည် Here = ဒီနေရာမှာ Tear Here = ဒီနေရာမှာ ငိုစေ လို့များလားကွယ် အော် Coffee ထုပ်လေးတွေ က ကျိမ်စာတိုက်ထားတာများလား။ တချိန်ချိန် Coffee တစ်ထုပ်ကိုဖောက်သောက်ဖို့ကြိုးစားတိုင်း မျက်ရည် ကျနေမိမှာကို ကြိုတွေးမိလာတယ်။ Coffee mix တစ်ထုပ်ကိုဖောက်မတိုင်း Coffee တစ်ခွက်ကိုသောက်တိုင်း မင်းကို တမ်းတမ်းတတ လွမ်းနေရမယ်ဆိုရင်....... တစ်ခါတစ်ခါကျရင်လဲ တစ်ခဏတာလောက် အလွမ်းရဲ့ အရသာကို ကြိုက်နေမိတယ်။ ဒါပေမယ့် မျှော်လင့်ချက်နဲ့လေ။ တစ်ခဏလောက် အလွမ်းတွေကို ခံနိုင်ရည်ရှိပေမယ့် ။ ရက်ရှည်ကြာ မတွေ့ရဘူး ဆိုရင်တော့ ငါ Coffee Mix ထုပ်လေးတွေရဲ့ ကျိန်စာအတိုင်း ငိုနေမိမယ်ထင်တယ် ချစ်သူရယ်။

ချစ်သူသို့

Image
ချစ်သူ အရင်ကတော့ ငါဟာ နင့်ကို မမြင်ရရင်မနေနိုင်တဲ့ ရောဂါစွဲကပ်ခဲ့တယ် နင်သိပါတယ် ချစ်သူ အရင်ကတော့ ငါဟာ နင့်အသံမကြားရင် မကျေနပ်နိုင်တဲ့ ဝေဒနာရရှိခဲ့တယ် နင်သိပါတယ် ချစ်သူ ခုတော့ငါဟာ နင်မရှိရင် မဖြစ်တဲ့ ရောဂါ ရရှိနေပြီ အဲဒီအတွက်ဆေးတစ်ခွက် နင်သိပါတယ်.......