Posts

Showing posts from December 3, 2007

ကျွန်တော်နှင့် Blog

ဘာလဲ Blog. ငါမှ စိတ်မ၀င်စားတာ မလိုက်ပါဘူးဟာ လို့ ငြင်းရင်းငြင်းရင်းနဲ့ ပါသွားတာက Blog Day Seminar၊ စပြီဆိုတော့ ထိုင်နားထောင်နေလိုက်တာ အကြွေးအမွေးပါ တယ်ဆိုတော့ လူကနဲနဲ စိတ်ဝင်စားသွားပြီ။ ပြီးသွားရင် ကံစမ်းမဲဖောက်ပေးမယ် ဆိုတော့ တယ်ကောင်းပေါ့။ ဒီလိုနဲ့Seminar ပြီးတော့ My Suboo အင်္ကျီတထည်မြတ်ရလိုက်တယ်။အဲဒီနေ့ Blog Day Seminar ကစတယ် ပြောရမှာပဲ ပီကေ ရေ။ပြန်လာတော့ ညနေစောင်းပြီလေ။အတူသွားတဲ့ သူငယ်ချင်းမက Blogger မှာ Account ဖွင့်ချင်တယ်ပြောတော့ လိုက်ပို့ရပြန်ရော။ မထူးပါဘူးလေ ဆိုပြီး ကိုယ်လဲ တခုဖွင့်ကြည့်လိုက်တာ Template တွေဘာတွေရွေးပေါ။့ ပြီးတော့ပြန်လာတယ် Blog နဲ့ပတ်သတ်တဲ့ ခံစားချက်ကတော့ ဘာမှထူးခြားတယ်မရှိပါဘူး။ နောက် ၂ ရက်လောက်အကြာမှ ပထမဦးဆုံး Post ကိုစတင်တယ်။ Seminar ကနေရလိုက်တဲ့ လိပ်စာတွေကို လျှောက်လည်တယ် စီဗုံးတွေမှာလျှောက်အော်တယ် အဲဒါနဲ့ပထမဦးဆုံးသော ဧည့်သည် အဖြစ် ကိုဒီမို ရောက်လာခဲ့တယ်။ ဘာရယ်မဟုတ်ပေမဲ့ ပျော်သွားတယ်။ အဲဒီလိုနဲ့ မနက်ရုံးရောက်တာနဲ့ Blog ၀င် အားရင်ရေး၊ မအားရင်လဲရေး၊ အားအားမအားအားရေးခဲ့တာ ပဲ။ တနေ့ တခေါက်မှ Blog တွေ ဆီမရောက်ခဲ့ရင် နေလို့မရ ဘူးဖြစ်နေရော ဒီလိုနဲ့ Blog စွဲကပ်သေ