နှစ်သစ်ကူးကဗျာ

တိတ်ဆိတ်လွန်းတဲ့ည
စကားသံတီးတိုးနဲ့
သူ
ချွဲနွဲ့နေခဲ့တဲ့ ည
အဲဒီည
နှစ်သစ်ကူးည

ဝင်သက်ထွက်သက်တွေ
လှုပ်ရှား တစ်ချက်ချက်သွားနေတဲ့
နာရီကိုတောင်ရပ်ထားချင်မိရဲ့
အိုနှစ်သစ်ကူးည

စိုအိတဲ့နှုတ်ခမ်းအတွေ့
နွေးထွေးတဲ့ သူ့ရင်ငွေ့
ကိုယ့်ရင်ငွေ့ခိုလှုံရင်း
ဒီအချိန်လေးပြီးဆုံးမှာ
ပူပန်နေရသူ
ချစ်ခြင်းတွေနဲ့အတူပေါ့

နှစ်စဉ်အထီးကျန်ခဲ့သမျှ
ဒီညမှအတိုးချလို့
အဘိုးတွေ အဘွားတွေ
အခေါ်ခံရချိန်အထိ
တို့ အတူ.........
ဖြတ်သန်းသွားကြမယ်
2008 - 2009 မှစနှစ်အသင်္ချေထိနော်



Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????