အမေ

အမေ
အမေကတော့ တကယ့်အမေပါပဲဗျာ
သားအကြီးဆုံးကို အင်ဂျင်နီယာတစ်ယောက်ဖြစ်အောင်
ပြုစုဆုံးမပေးနိင်ခဲ့တယ်နော်

အမေ
အမေကတော့ တကယ့်အမေပါပဲဗျာ
သမီးအလတ်က ဥပဒေအရာရှိဖြစ်စေဦးမတဲ့
တတ်လဲတတ်နိုင်တဲ့ အမေပဲဗျာ

ဗျာအမေ
အမေကတော့ တကယ့်အမေပဲဗျာ
သားအငယ်ဆုံးလေးက စစ်ဗိုလ်ကြီးဖြစ်ပြီဆိုပဲ
တော်လဲတော်တဲ့ အမေ

တစ်ခုလောက်မေးပါရစေ အမေ
အမေ့သားတွေ သမီးတွေ ဒီလိုတိုးတက်အောင်
အမေဘာကြောင့် ပြုစုခဲ့တာလဲအမေ

ဗျာအမေ
ပီတိလေးတစ်ခုအတွက် တဲ့ လားအမေ
အမေ့သားတွေ သမီးတွေ ဆီက ဘာမှမမျှော်လင့်ပါဘူးတဲ့ လားအမေ
အမေ......
အမေ......
အမေ.....ရယ်။       ။


ရက်ရာဇာ@အောင်မျိုးဟန်

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????