အချစ်သစ်ပင်

ငါ့နှလုံးသားဥယျာဉ်မှာ
အချစ်သစ်ပင်ကို
ပြန်လည်ရှင်သန်စေခဲ့သူဟာမင်းပါ
လမင်းလောက်မထွန်လင်းပေမဲ့
ငါ့ဥယျာဉ်အတွက်တော့
မင်းဟာတောက်ပါ့တဲ့ကြယ်ပွင့်လေးပါ
ဒီကြယ်စင်ကပေးတဲ့အလင်းကို
ငါတက်မက်ခဲ့တယ်
ပြီးတော့ကြယ်စင်လေးကို
ငါမြတ်နိုးတယ်
ကြယ်စင်လေးအတွက်ရယ်ရွယ်ပြီး
ငါ့သစ်ပင်လေးမှာ
အကြင်နာအသီးအပွင့်တွေ
ဝေဆာအောင်ကြိုးစားနေရင်းနဲ့
ငါ့ဥယျာဉ်ထဲကကြယ်စင်လေး
ပျောက်ကွယ်သွားတော့
အလွမ်းပန်းတွေသာ
ပွင့်နေခဲ့တာ
ခုချိန်ထိပဲ ကြယ်စင်လေးရေ
အချိန်တွေတွေပြောင်းသွားပေမဲ့
ငါ့ဥယျာဉ်ထဲက
ငါ့သစ်ပင်လေးဟာ
သစ္စာရှိစွာဆက်လက်
ရှင်သန်နေဆဲပဲဆိုတာ
ကြယ်စင်လေးသိမယ်ဆိုရင်
(သို့မဟုတ်)
လေညှင်းလေးတွေသာပြောပြတတ်မယ်ဆိုရင်

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????