ကျွန်တော်နှင့် Blog

ဘာလဲ Blog. ငါမှ စိတ်မ၀င်စားတာ မလိုက်ပါဘူးဟာ လို့ ငြင်းရင်းငြင်းရင်းနဲ့ ပါသွားတာက Blog Day Seminar၊ စပြီဆိုတော့ ထိုင်နားထောင်နေလိုက်တာ အကြွေးအမွေးပါ တယ်ဆိုတော့ လူကနဲနဲ စိတ်ဝင်စားသွားပြီ။ ပြီးသွားရင် ကံစမ်းမဲဖောက်ပေးမယ် ဆိုတော့ တယ်ကောင်းပေါ့။

ဒီလိုနဲ့Seminar ပြီးတော့ My Suboo အင်္ကျီတထည်မြတ်ရလိုက်တယ်။အဲဒီနေ့ Blog Day Seminar ကစတယ် ပြောရမှာပဲ ပီကေရေ။ပြန်လာတော့ ညနေစောင်းပြီလေ။အတူသွားတဲ့ သူငယ်ချင်းမက Blogger မှာ Account ဖွင့်ချင်တယ်ပြောတော့ လိုက်ပို့ရပြန်ရော။ မထူးပါဘူးလေ ဆိုပြီး ကိုယ်လဲ တခုဖွင့်ကြည့်လိုက်တာ Template တွေဘာတွေရွေးပေါ။့ ပြီးတော့ပြန်လာတယ် Blog နဲ့ပတ်သတ်တဲ့ ခံစားချက်ကတော့ ဘာမှထူးခြားတယ်မရှိပါဘူး။

နောက် ၂ ရက်လောက်အကြာမှ ပထမဦးဆုံး Post ကိုစတင်တယ်။ Seminar ကနေရလိုက်တဲ့ လိပ်စာတွေကို လျှောက်လည်တယ် စီဗုံးတွေမှာလျှောက်အော်တယ် အဲဒါနဲ့ပထမဦးဆုံးသော ဧည့်သည် အဖြစ် ကိုဒီမို ရောက်လာခဲ့တယ်။ ဘာရယ်မဟုတ်ပေမဲ့ ပျော်သွားတယ်။ အဲဒီလိုနဲ့ မနက်ရုံးရောက်တာနဲ့ Blog ၀င် အားရင်ရေး၊ မအားရင်လဲရေး၊ အားအားမအားအားရေးခဲ့တာ ပဲ။ တနေ့ တခေါက်မှ Blog တွေ ဆီမရောက်ခဲ့ရင် နေလို့မရ ဘူးဖြစ်နေရော ဒီလိုနဲ့ Blog စွဲကပ်သောရောဂါ စတာပါပဲ။ ဘယ်လောက်တောင် စွဲနေပြီလဲ သွားစစ်တော့ ၇၈% ဖြစ်နေရော။

နောက် Tag တွေနဲ့ ပက်သက်ပြီး ထင်မြင်ချက်တွေ ရေးဦးမယ်။ Tag တွေကတော့ကောင်းပါတယ်။ သူများတွေ တော့ဘယ်လိုသဘောထားလဲ မသိဘူး ကျွန်တော်ကတော့ ကိုယ့်ကို လာTag ပြီဆိုရင် ပျော်တာပဲ ကိုကလဲပြန် Tag ချင်တာပဲ အဲဒီလို စိတ်ထားရှိတယ်။

နောက်ဆုံးခြုံပြောရရင် တော့ Blog ရေးတာကတော့ Blog Day Seminar ကနေစတင်တာပါပဲ။ Blog Day Seminar ဦးဆောင်လုပ်ခဲ့တဲ့သူတွေ ကိုလဲ ဒီPost နဲ့ ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ နောက် blogspot.com domain ကနေ myanmarbloggers.org domain ကို ပြောင်းပေးတဲ့ ပီကေကိုလဲ ကျေးဇူးတင် ပါတယ်။ နေ့တိုင်းမပြတ်လာလည်နေကြတဲ့ သူငယ်ချင်းများကိုလဲ ကျေးဇူးတင်ပါရဲ့။ Blogger.com ကိုဝင်မရ အောင် ဘန်းထားတဲ့ Bagan ကိုလဲ ကျေးဇူးတင်ပါတယ်(ဘာမှလဲမဆိုင်ဘူးနော်)။

အားလုံးကျေးဇူး

Comments

  1. အားလည်းရေး မအားလည်းရေး ဆိုတာတော့ တူနေပြီဗျ။ ဒါပေမယ့် နည်းနည်းမတူတာက ကျနော်က မအားလည်း အားချင်ယောင်ဆောင်ပြီး ရေးတယ်။ ဟတ်ဟတ်။ ပုဂံကိုတော့ ကျေးဇူးတင်တာ သိပ်မှန်တယ်ဗျ။ သူသာ မဘန်းရင် ကျနော်တို့ရဲ့ အားစိုက်ထုတ်မှုက ဘယ်ပီပြင်မလဲ နော်။ TAG ပြီ ဆိုရင် ပျော်တယ်ဆိုတော့ နောက်နောင် TAG သမျှ ပါပြီ လို့သာ မှတ်လိုက်တော့။

    ReplyDelete
  2. Anonymous10.12.07

    ဒီကော်မက်ခေါ်ထားပြီး ဘာရေးမလဲဆိုတာ မေ့သြွးလို့ မနည်းပြန်စဉ်းစားရတယ်။ ဒီမိုက ကိုဒီမို မဟုတ်ပါဘူး မဒီမိုပါ။ သိချင်ရင် http://barnyarbarnyar.myanmarbloggers.org/
    ကို သွားကြည့်လိုက်။ :)

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????