လူမိုက်ဆိုတာဘာလဲ

တရက် မူလတန်းကျောင်းလေးတွင် ဆရာမက သူ့တပည့်လေးများအပေါင်းအသင်းမမှားစေရန် နှင့် လူ့ကျင့်ဝတ် များကိုသိစေရန် ၃၈ ဖြာမင်္ဂလာတရားတော်ကိုသင်ကြားနေလေသည်။

ထိုသို့သင်ကြားရင်း အသေ၀လာစဗာလာနံ တရားတော်အစတွင်ဆရာမက
“ကလေးတို့ရေ လူမိုက်ကို မပေါင်းသင်းရဘူး ကွယ့်နော်” ဟုပြောရာတွင် အလွန်စူးစမ်းတတ်သောကလေးတ ယောက်က
“ဆရာမ လူမိုက်ဆိုတာ ဘာလဲ၊ဘယ်လိုပုံစံလဲ” ဟုမေးလေ၏။ ထိုအခါ ဆရာမကလည်း
“အင်းလူမိုက်ဆို တာ၊နေဦးကွာ ဆရာမ မနက်ဖြန်ပြောပြမယ်” ဟုပြော၍ အတန်းဖျက်ကာနားနေခန်းသို့ အမြန် ပြေျးေလ၏။
နားနေခန်းအရောက်တွင် ထိုအကြောင်းကိုပြောပြရာမှ ဆရာမများ က ၊ လူမိုက်ဆိုတာ အရက်ကို လူမှန်းမသိ အောင် သောက်တဲ့လူ၊ ဆေးလိပ်အရမ်းသောက်တဲ့လူ စသည်ဖြင့် အငြင်းပွားကြရာမှ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးရုံးခန်းသို့ရောက်သော ဟူ၏။
ထိုသို့အငြင်းပွားရာတွင် သူတဖက်ငါတဖက်ငြင်းကြသောကြောင့် နှစ်ဖက်ဖြစ်သွားသည်မှာ အထူးအထွေ ပြောရန်လိုမည်မဟုတ်ပေ။
နောက်ဆုံး ဆရာမကြီး၏အဆုံးအဖြတ်ကို ခံယူမည် ဆိုကာဆရာမကြီးကိုမေးသောအခါ
“ငါလဲမသိဘူး”
ဟူသောပြောင်မြောက်သောအဖြေကို ရလေ၏
ထို့ကြောင့် ထိုအခက်အခဲမှ လွန်မြောက်စေရန် သင့်ကို အားကိုးရပေလိမ့်မည်။
ယခုစာဖတ်နေသူ အသင်သည်လွန်စွာမှ ဥာဏ်ပညာကြီးလှပေသည်။ ထို့ကြောင့်
“လူမိုက်ဆိုတာဘာလဲ” ဟူသောမေးခွန်းကို ဖြေရှင်း၍ Comment ရေးပေးခဲ့ပါရန် လေးစားစွာ အဆိုပြုအပ်ပါ သည်။

Comments

  1. မဲမှောင်မိုက်သော နယ်မြေတွင်ရေးသော ဘလော့ကာများ ကို လူမိုက် ဟုခေါ်ပါသည်။ မိုက်မဲသော နောက်ခံကို ကြိုက်သောကြောင့် ဖြစ်ပါသည်...

    ဒါလေးများ ... ဒါလေးများ ...

    ReplyDelete
  2. လူမိုက်ဆိုသည်မှာ ကိုဂျေပြောသလိုပဲ မှောင်တဲ့နယ်မြေတွင် နေသောသူများကို ခေါ်မပါသည်။

    ReplyDelete
  3. လူမိုက်ဆိုတာ .. မိုက်တဲ့လူပေါ့ဗျာ .
    ဟင် . ဒါဆိုမိုက်တဲ့လူဆိုတာကရော လို့ ပြန်မေးအုံးမလို့လား !
    မိုက်တဲ့လူဆိုတာက လူမိုက်ပဲလေ

    ReplyDelete
  4. လူမိုက်ဟူသည်

    ၁။ ပညာအလျင်းမရှိ၊ထွက်သက်ဝင်သက်မျှဖြင့်အသက်ရှင်နေသော
    သူကိုလူမိုက်ဟုဆိုသည်။

    ၂။ မိမိ သူတပါး နှစ်ဦးသားတို့ ၏ အကျိုးစီးပွား မဲ့ကို
    ပြုတတ်သောသူကိုလည်းလူမိုက်ဟုဆိုသည်။

    ၃။ သတ္တ၀ါတို့ အား ဘေးဥပဒ်အန္တရာယ်ကို ဖြစ်စေတတ်သော သူကိုလည်း
    လူမိုက်ဟုဆိုသည်။

    ၄။ မိမိနှင့်အတူတကွနေသောတိုင်းသူပြည်သား တို့ အားဖြစ်စေ၊
    မြို့ ရွာနေသူ တို့ အားဖြစ်စေ
    ဆွေမျိုးသားချင်း အိမ်သူအိမ်သားတို့ အား ဖြစ်စေ
    အတူတကွ လုပ်ဖေါ်ကိုင်ဖက် ရောင်းဝယ်ဖက်
    ခရီးသွားဖက်တို့ အားဖြစ်စေ
    တစုံတခုသော ဘေးဥပဒ် အန္တရာယ်ကို
    ဖြစ်စေအောင်ပြုမူဆောင်ရွက်သူသည်
    စင်စစ်အားဖြင့် လူမိုက်ဖြစ်ပေသည်။

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????