အမှန်တရားကိုလက်တွေ့ပြခြင်း

လူတဦး၏ ဘ၀အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ရိုးသားမှုနှင့် အမှန်တရားကို လက်ကိုင်ထားရှိခြင်းအပေါ်မူတည်ပါသည်။ မည်မျှကြီး ကျယ်သောသူဖြစ်ပါစေ မမှန်ကန်ခြင်း၊ရိုးသာမှုမရှိခြင်း တို့ကသူ့ဘ၀ကိုမုချဖျက်ဆီးပစ်နိုင်ပါသည်။
တချို့က အမှန်ကိုပြုနေရင်းနှင့် အမှားများစွာ ဖြစ်သွားတတ်ကြသည် ။ ဆင်ခြင်ခြင်း သည် အမှန်ကိုရောက်နိုင်သော လမ်းသွယ်တခု ဖြစ်ပါသည်။ပညာရှင်များက အမှားမပြုမိခြင်းကို မင်္ဂလာဟု မယူဆခဲ့ကြ။ ကြီးကျယ်မြင့်မြတ်သော ဂုဏ်သတ္တိကို မိမိကိုယ်တိုင်ပြုနိုင်သော စွမ်းရည် မိမိ ၌သာရှိသည်ဟု ယုံကြည်ကြသည်။အမှားကိုပြင် ပြီးလျှင်မိမိ၏ကိုယ်စိတ် နှလုံးသုံးပါးစလုံး အသစ်ဖြစ်စေခြငါးသာမင်္ဂလာဟု ဆိုသော် အမှန်တရားမှာမျက်စေ့စုံမှိတ် ပြုလုပ်ခြင်းတစ်ခုမှမရှိပေ။ အဘက်ဘက်မှ ထောက်ချင့်ပြီးမှ အဖြစ်နိုင်ဆုံးသော လမ်းတခုကို ရွေးချယ်ခြင်းသာ ဖြစ်သည်။ တစ်ဖက်တွင် အမှန်တရားရှိ၏ ။ မှန်လျှင်မှန်မည် ၊ မှားလျှင်မှားမည်သာ ဖြစ်၏ ။ အမှားကို အရင်သိမှ အမှန်တရားကို ဖွင့်ရှာမည်ဟူသောအယူအဆ သည် သင်နှင့်သင့်အောင်မြင်မှု ကို အနည်းနှင့်အများ နှောင့်နေးစေမှာ ဖြစ်သည်။

အမှန်နှင့်အမှားသည် ၅၀% စီသာရှိ၏ ။ ထိုအရာကိုသာလူတို့၏ အားနည်းချက်ကြောင့် အမှားသည် ၇၀% ထိတိုးလာခြင်း ဖြစ်၏။ “မှားလို့ရတာပဲကွာ” ဟူသောစကားကြောင့် အမှန်တရားမှာရာခိုင်နှုန်း ကျဆင်းလာခြင်းဖြစ်၏။ မှားသောအယူအဆ တခုကို ရှင်းချင် ပါသည်။

အထက်အရာရှိ ထံသို့ အလုပ်ဝင်ခါစ စာရေးတဦးက စာရင်းဇယားများအကြောင်းမရှင်းလင်း၍ မေးပါသည်။ အထက်အရာရှိက ရှင်းပြသည်။

မင်းနားလည်အောင် ရှင်းရှင်းပြောရရင် စာရင်းဖယားဆိုတာက ဘီကနီဝတ်စုံဝတ်ထားသလိုပဲ...သူဖော်ထားတဲ့နေရာက အများကြီး ပေါ့ကွာ...ဒါပေမဲ့ အဓိကနေရာတွေကိုတော့ ဖုံးအုပ်ထားရတယ်...ဒါဟာစာရင်ဖယားရဲ့ လျှို့ဝှက်ချက်ပဲ...


ထိုအယူအဆသည် ဘသအောင်မြင်ရေးအတွက် မှာ ခလုပ်ခသင်း အယူအဆတစ်ခုဖြစ်သည်ဟု ယူဆမိပါသည်။ အမှန်တရားကို ရိုးသားစွာ လက်တွေ့ပြခြင်းကသာ ဘ၀အောင်မြင်ရေးလှေကားသိုချဉ်းကပ်နိုင်မည်ဖြစ်ပါသည်။ထိုသို့အမှန်တရားကို လက်တွေ့ပြနိုင်သူ တယောက်ကို ဥပမာပေးပါဦးမည်။

ညနက်သန်းခေါင်တွင် လူတဦး အမူးလွန်၍ အိမ်တအိမ်အား တံခါးဖွင့်ဖို့ကြိုးစားနေသည်ကို ရဲကတွေ့၏။

“ဟေ့လူ..ဘာလို့ သူများအိမ်ကို ညဉ့်နက်သန်းခေါင်ကြီးမှာနှောင့်ယှက်နေရတာလဲ”

“ဟာ..ဦးဦးရဲသားကလဲ ...ဒါသူများအိမ်မဟုတ်ဘူး ..ကျွန်တော့အိမ်..ကျွန်တော့အိမ်.. ဒီမှာသော့ပေါက်ရှာမတွေ့လို့ ..အေ့ ..လာပြီးဖွင့်ပေးပါဦး..အေ့..အထဲရောက်ရင်ကျွန်တော်ပြပါ့မယ်....အေ့”

အောင်မာ..လေတောင်တက်နေလိုက်သေးတယ်

ရဲသားကဒေါသထွက်သွားပြီး.....
“အေးဟုတ်ရင်ဟုတ်ပေါ့ကွာ..မဟုတ်ရင်တော့ နားရင်းဖုန်ထပြီသာမှတ်”

ရဲသားက တံခါးဖွင့်ပေးလိုက်တယ်။
လာပါဦး ဦးဦးရဲသားကြီးရဲ့ ဒါကျွန်တော့အိမ်ဆိုတာ လက်တွေ့ပြမယ်...ဒီမှာတွေ့လား..ဒါဧည့်ခန်း၊ ဒါ စန္ဒရား..ကျွန်တော်တီးတာ..ဒီမှာတွေ့လား..ဒီအခန်းက ကျွန်တော့အိပ်ခန်း..တွေ့လား ခုတင်..ဒီခုတင်ကကျွန်တော်နဲ့ ကျွန်တော့မိန်းမအိပ်တာ...ခုတင်ပေါ်မှာ အိပ်နေတဲ့အမျိုးသမီးက ကျွန်တော့မိန်းမလေ..သူ့ဘေးမှာအိပ်နေတဲ့လူတွေ့လား...အဲဒါကျွန်တော်ပေါ့..ဟင်းဟင်းဟင်း....”


ထိုသို့အမှန်တရားကိုလက်တွေ့ပြနိုင်ခြင်းအတွက်ဂုဏ်ယူစရာမကောင်းပေဘူးလား။။။

အမှန်တရားကို လက်ကိုင်ထားနိုင်လျှင သင်သည်ဘ၀အောင်မြင်ရေးလှေကားကို တစ်ထစ်လှမ်းနိုင်ပြီမှတ်ပါ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????