ညနေခင်းလမ်း

ညနေခင်းလမ်း
ငါ့ကိုအလွမ်းပြည့်စေခဲ့တယ်
အနမ်းနဲ့ လမ်းခွဲခဲ့တာ
ငါနောက်ကြောင်းပြန်မလှည့်ချင်ဘူး

ဒီလိုမိုးစုတ်စုတ်ချုပ်တိုင်း
နင်နဲ့ငါ တံတိုင်းခြားဆဲလေ
ဘ၀ရဲ့ ဒီအပိုင်းအခြားကို
ငါအဆိုင်းမတွ ကျော်ခွပစ်ချင်တယ်

မပြည့်စုံတဲ့မနက်တွေ
ဒီတသက်မေ့မယ်မထင်ဘူး
အိပ်ယာပေါ်က ခြေချတိုင်း
ငါ့ရင်ကလှိုင်းတစ်ချို့ကြောင့်
ငါ့နားနင်မရှိနိုင်သေးတာကိုမုန်းတယ်။

သြော် ရောက်လာပြန်ပြီ
ဒီ ညနေခင်းလမ်း
ငါတို့ အနမ်းနဲ့ပဲ လမ်းခွဲကြစို့ရဲ့။။။။။


Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????