အို.....အချစ်သို့

နှုတ်ခမ်းနွေးတွေနဲ့
အလှမ်းဝေးမှာကြောက်တယ်
ရင်ခွင်တံခါးကိုအသေပိတ်ခဲ့ပြီ
သူ့စိတ်တွေနောက်ပြန်မသွားပါစေနဲ့။ ။


ငါ့ရဲ့ သူငယ်ချင်းဆိုတဲ့
သောကြာထောင့်ကကောင်မလေး
တနင်္ဂနွေထောင့်ကိုရောက်ခဲ့တယ်
အချစ်အဖြစ်နဲ့လေ....

လက်ဝါးထဲအချစ်နှစ်ပြားထည့်
ငါ့သွေးနဲ့ ဆေးတစ်ခွက်တိုက်မယ်
သူ့အတိတ်တွေမေ့ပျောက်နိုင်ပါစေ

အိုချစ်သူ
နင်ဟာ ငါ့ရဲ့ ဘဝ
နင်ဟာ ငါရှင်သန်ရာ ကောင်းကင်ကို ပိုင်စားသူ
နင်ဟာ ငါ့မျှော်လင့်ချက်တို့ရဲ့ သခင်မ
နင်ဟာ ငါ့ဘ၀ကိုစေစားနိုင်သူ

ငါ့ရဲ့တစ်ဦးတည်းသောအချစ်
သက်တော်ရာကျော်ရှည်ပါစေ......

Comments

  1. ကဗျာလေးမိုက်နေပါလားကွ
    မင်းပျေက်နေပါလား

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????