အမူးသမားရဲ့ အရူးကဗျာ

ငါ့အလွမ်းတွေမှာ ညတွေတောင်ဖြစ်လို့ပါလား
ရင်ထဲက တောအုပ်တွေတောင် မျိုးတုန်းလုနီးနီးဖြစ်ခဲ့ရပြီ
မိုးခေါင်နေပြီပေါ့လေ

အော် အချစ်သစ်တွေ့တယ်တဲ့လား
ငါကတော့ အော်ဟစ်ရယ်မောလို့မင်းရှေ့တော်မှောက်က ပြေးထွက်လာခဲ့တယ်
မျက်ရယ်တွေ နဲ့လေ
ဝမ်းသာလွန်းလို့ကြတာပါကွယ်
ဘာပဲဖြစ်ဖြစ်ပေါ့
ဘယ်ဘ၀မှာမှာ မင်းနဲ့ပြန်မဆုံပါရစေနဲ့လို့
ဘုရားသခင်ဆီမှာ အားရပါးရ ဆုတွေတောင်တောင်းခဲ့သေးရဲ့
အရင်ကပြောခဲ့သလို
ငါကချစ်တာမှားတာကိုး
ထားပါလေ
သူများကိုသွားပြောတော့လဲ အတင်းဖြစ်နေဦးမယ်
ကိုယ့်ကိုကိုယ်ပဲပြောတော့မယ်
ဟေ့ကောင် ဒီမှာ
`မင်းကိုက သောက်သုံးမကျတာကွ´

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????