အိပ်မက်တခုအကြောင်း

အချိန်။ ။ ညနေ နေ၀င်ရီတရော (သို့) မနက်အာရုံတက်စ အချိန် ဖြစ်နိုင်သည်။ သို့သော် ကျွန်တော့်ဦးနှောက်ကြီး၏ အသိတွင် အရာအား လုံးကို ထင်ရှားစွာ တွေ့မြင်နိုင်၍ ကျွန်တော့်ကို ကျွန်တော်ပင် မြင်ရသည်။

နေရာ။ ။ အိပ်မက်တခု၏ဖြစ်တည်ရာနေရာ ဖြစ်သည်။ ကမ္ဘာ၏တနေရာရာ သို့မဟုတ် ကမ္ဘာ့အပြင်ဘက်တွင်လည်းဖြစ်နိုင်သည်။ သို့သော်လတ်ဆတ်သော လေကို ရှုရှိုက်မိ၏။

ပါဝင်သူများ။ ။ သူစိမ်းမိန်းမတယောက် ၊ သူစိမ်းယောက်ျားတယောက် (ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိ၏) ၊ ကျွန်တော် နှင့် ကျွန်တော့်ချစ်သူ။

သူစိမ်းမိန်းခလေးတယောက်လမ်းပေါ်တွင်ပြေးနေ၏ ။ အလွန်လျှင်မြန်စွာပြေးနေ၏ ။ ထိုနောက်သို့ အသည်းအသန်ပြေးလိုက်နေသူ တယောက်မှာကား ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိသော သူစိမ်းယောက်ျားတယောက် ဖြစ်သည်။ ၄င်း၏လက်ထဲတွင် ချွန်ထက်သော ထိုးမိလျှင်သေစေနိုင်ခြင်းမရှိ ဟု ကျွန်တော့်ဦးနှောက်က အလိုလို သိသော လက်နက် ဆန်ဆန် အရာတခုကိုကိုင်တွယ်ထားသည်ကို မြင်တွေ့ရသည်။

၎င်းတို့နှစ်ဦးအနောက်တွင် ကျွန်တော့်၏ ချစ်သူ အပြေးတပိုင်းခြေလှမ်းများဖြင့်လှမ်းလာနေသည်။ ထိုနေရာသို့ နောက်ကျစွာ ကျွန်တော်ရောက်လာခဲ့လေသည်။ ကျွန်တော်ချစ်သူ၏ လက်ထဲတွင်လည်း အထက်ဖော်ပြပါသကဲ့သို့ အလားတူ လက်နက်တခုပါရှိ၏ ။
ထိုမြင်ကွင်း ထိုနေရာသို့ ကျွန်တော် နောက်ကျစွာရောက်လာ၏ ။ ကျွန်တော်လဲကျွန်တော့်ချစ်သူအနောက်သို့ပြေးလိုက်၏။ ထိုအချိန်တွင် အထက်ဖော်ပြပါ တစိမ်းများ မြင်ကွင်းမှပျောက်ကွယ်သွားပြီဖြစ်သည်။ ကျွန်တော့်ချစ်သူအနားသို့ကျွန်တော်ရောက်လာသည် ။ ရုတ်တရက်ဆိုသလို ကျွန်တော့ချစ်သူက သူ့လက်မှ လက်နက် ဖြင့် ကျွန်တော့်ကို အားကုန်ထိုးစိုက်လိုက်သည်။

အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကျွန်တော့်ဘယ်ဘက်ရင်အုံတခုလုံးပွင့်ထွက်သွားမတတ်ခံစားလိုက်ရသည်။သို့သော် နာကျင်မှု စိုးစဉ်းမျှမပါ ခံစားမိသည်မှာ အလွန်နွေးထွေး၏ ။ အဆမတန်နက်ရှိုင်းသော ချောက်နက်တွင်းသို့ မှီတွယ်ရာလွတ် ပြုတ်ကျသွားသကဲ့သို့လည်းကောင်း အလွန်ပေါ့ပါးသော ၀ါဂွမ်းတစ လေတွင်လွင့်ပါသွားသကဲ့သို့ လည်းကောင်းခံစားရသည်မှာ စာေ၇းပြ၍ မမှီနိုင်လောက်ပေ။ကျွန်တော်လည်း ထိုအရာများ၏ ပြင်းထန်သောခံစားချက်ကြောင့် ရုတ်တရက် အိပ်ရာမှလန့်နိုးခဲ့ရသည်။
ထို့ကြောင့်ဤစာကို ဖေဖော်ဝါရီ ၁၂ ရက် မနက် ၂း၀၀ အချိန်တွင် ရေးမိလေ၏။



Comments

  1. ရင်မှာစိုက်သော အချစ်ဆူးပေါ့ကွာ ဒါလေးများ

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????