မျှော်လင့်နေသူ

တူနှစ်ကိုယ် တဲအိုပျက်မှာ
မနေရစေပါဘူးကွယ်
ရွှေဘုံပေါ်မှာ မစံရရင်နေပါစေ
ဘ၀ခရီးတစ်ခုလုံးမှာ
လက်တွဲမဖြုတ်တမ်းသာ
လျှောက်လှမ်းချင်ပါရဲ့

ဆံတွေဖြူ သွားကျိုးလို့
အဘွား အဖိုး ခေါ်ခံရချိန်ထိပေါ့
လူဆုံတဲ့ ထမင်းဝိုင်လေးမှာ လက်ဆုံစားရင်း
နွေးထွေးစွာမိသားစုဘ၀လေးတခု တည်ဆောက်ကြရအောင်

ပိုင်ဆိုင်လိုခြင်း ဟာ အချစ်မဟုတ်ဘူးလို့
ပြောသူတွေ ရှိလိမ့်မယ်
ဒါပေမဲ့ အချစ်ဖြစ်လို့
ပိုင်ဆိုင်လိုစိတ်ရှိတာ သဘာဝကျပါတယ်

ဘာပဲပြောပြောပေါ့
ငါ့ဘ၀အတွက် အလိုအပ်ဆုံးဟာလဲ မင်း
ငါ့ဘ၀အတွက် မီးအိမ်ရှင်လေးဟာလဲ မင်းပါ
ဒါကြောင့်ချစ်သူရယ်
ဝေးလွင့်ခြင်း တဖက်အစွန်းကိုမသွားပါနဲ့
ကိုယ့်အနားမှာပဲ ထာဝရနေပါတော့ကွယ်......။

Comments

  1. အကိုရေ...နွေးထွေးပြီးလူစုံတဲ့ထမင်းဝိုင်းလေး
    လို.ဖတ်ရတာ၊ရင်ထဲကိုနွေးပြီးအိမ်ကိုအရမ်း
    လွမ်းလာတယ်၊ဗိုက်လဲဆာလာတယ်..ဟီးဟီး

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????