ရင်ထဲကနွေ

ဘာလိုလိုနဲ့
တမိုးသောက်ခဲ့ပြန်ပြီ
ငါ့အိပ်ပျက်ညတွေကို
အလျော်ပေးဖို့
အရေးမဆိုတော့ပါဘူး
အိမ်ရှေ့မှာတေးဆိုတယ်ဆိုတဲ့ငှက်တွေတောင်
အခုနားငြီးလိုက်တာနော်
တလောကလုံးက
ဝေတေတေ၀ါးတားတားနဲ့
ငါ့စိတ်တွေလိုပေါ့

တိတ်တိတ်လေးနေနေပေမဲ့
ရင်ထဲကဆူညံသံတွေကြောင့်
ငါ့စာကလေးငှက်မလေး
လန့်ပျံသွားမှာတောင်စိုးမိတယ်
တချို့ငှက်တွေတောင်
ငါ့အတွေးကို
လှောင်ပြုံးပြုံးသွားကြတယ်

သြော်ရင်ထဲကနွေကို
ငြိမ်းအေးစေဖို့
ငါတခုခုလုပ်မှဖြစ်တော့မယ်

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????