တသက်မခွဲ ရွှေလက်တွဲလိုသူများအတွက်



ခုကျွန်တော်ရေးမယ့်အကြောင်းအရာတွေက လူပျို လူလွတ်တွေတော့ စိတ်ဝင်စားမယ် မထင်ဘူးဗျ။ အိမ်ထောင်ကျ ပြီးကာစ လူငယ် တွေနဲ့ အိမ်ထောင်သည် တွေပဲ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ နောက် ဒီအကြောငိးအရာတွေကို ကျွန်တော်လဲ မကျွမ်း ကျင်ပါဘူး ကျွမ်းကျင် အောင် လေ့လာထားတဲ့ နိုင်ငံတကာ ပညာရှင်တွေ ရဲ့ဆောင်းပါး ပေါင်းချုပ် အနေနဲ့ ဆရာဝန်တင်ရွှေ ရေးထားတဲ့ စာအုပ်ကနေကူးယူဖော်ပြပါတယ်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

အချိုအိမ်ထောင်များသည် နှစ်ပေါင်း ၂၀၊၄၀၊၆၀ တိုင်အောင် ပြဿနာမပေါ်ပဲ လက်တွဲနိုင်ကြသည်။ အချို့ကြတော့ ပေါင်းလို့ မှနှစ်မရသေးမီ မှာပင်ကွဲချင် နေကြပြီ။ ချစ်လို့တသက်လုံးပေါင်းပါမည် လို့ အများရှေ့မှာ ကတိပြုလက်ထပ် ပြီးမှ တချို့ ဘာ ကြောင့်  ပြန်ကွဲနေကြပါလိမ့်။ စိတ်ပညာပါရဂူတဦး၏ အဖြေက-

ကိုတင်မောင်နှင့် မလှလှစိန် တို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ တက္ကသိုလ် သက်တမ်းတလျှောက်လုံး မောင်နှမနှင့် မခြားတစ်ဦးအပေါ်တစ်ဦးစောင့်ရှောက်ခဲ့ကြသည် ။ စာမေးပွဲတွေပြီးတော့ အိမ်ထောင်ကျသည်။ အိမ်ထောင်သက် ၄ နှစ် ပြည့် ကျော် လာသောအခါ တစ်ဦးအပေါ်တစ်ဦး မကြည့်ချင်လောက်အောင်ဒေါသတွေနှင့် ဖြစ်နေကြလေပြီ။ ထို့ကြောင့်အိမ်ထောင် သည်များမကွဲရေးကြံပေးအရာရှိအား လူအများက အမြဲမေးတတ်သောမေးခွန်းက အိမ်ထောင်သက် အတွင်းလက်တွဲ ခိုင်ခိုင် မြဲမြဲ ဆွဲကိုင်နိုင်ကြသော အတွဲ နှင့် လက်တွဲပြုတ်ချင်သောအတွဲများ ခြားနားမှု ဘာတွေရှိနေပါလိမ့် ဟူ၍ ဖြစ်၏ ။

ဤမေးခွန်းကို ကျွန်တော်လေးလေးနက်နက် ဖြေဆိုလိုပါသည်။ အဓိကအဖြေမှာ ပျော်ပျော်ရွှင်ရွှင် လက်တွဲလိုသောအိမ်ထောင် သည်များသည် သူတို့၏အိမ်ထောင်ပြေလည်နေပါသည် ။ စိုပြေနေပါသည် ။ သို့ပေမဲ့ ပေါ့ပေါ့သဘောမထား၊ ရှင်သန်နေသော ပန်းပင် ကိုအစဉ်မြေတောင်မြှောက်ရေလောင်းပေးရသလို သူတို့၏သာယာနေသောအချစ်ကို ပို၍ သာယာအောင်၊ ပို၍ စိုပြေအောင် အမြဲဂရုစိုက်နေကြပါသည်။ သူတို့၏ နေ့စဉ်အပြုအမူကိုသတိထားကြည့်လျှင်

  1. မင်းကချစ်စရာကောင်းလိုက်တာ ၊ ကိုယ်ကလည်းအားကိုးစရာကောင်းတာကိုး စသည့်စကားများကို အစဉ်ပြောဆိုနေတတ်ကြသည်။ သူတို့ပြောသလို တစ်ဦး၏လက်ကို တစ်ဦးက ခိုင်ခိုင် ကိုင်ထားခြင်း ၊ အများရှေ့မှာ ပုခုံးကလေးဖတ်ထားခြင်း စသည်ဖြင့် ပြုမူတတ်ကြသည်။ လူတိုင်းဟာ ကိုယ်ချစ်တဲ့သူရဲ့ လက်ဖြင့်ကိုင်တွယ် ယုယမှုကို ခံယူလိုကြစမြဲဖြစ်သည်။ ကလေးငယ်များမှာ ပိုပြီးသိသာသည်။ လက်ကလေးကို ကိုင်ထားပေးလိုက်မှ စိတ်လုံခြုံမှုရသည်။ အလားတူပင် လူကြီးများမှာလည်း လိုအပ်ချိန်မှာ တစ်ဦး၏လက်ကို နောင်တစ်ဦးက ဆုတ်ကိုင်ပေးထားသင့်သည်။

  2. ဖိုမဆန္ဒ ကိုကျေနပ်အောင်ရယူကြသည် ။
    အိမ်ထောင်သက် နှစ်ပေါင်းကြာလာသော်လည်း ဖိုမဆန္ဒကို ဦးစားပေးတတ်ကြသည်။ တစ်ဦးနှင့်တစ်ဦး တစ်ပတ်လျှင် ဘယ်နှစ်ကြိမဆက်ဆံရမည် ဟူ၍စည်းကမ်းမျိုးမထားသော်လည်း တစ်ဦး၏လိုအပ်ချက်ကိုနောက်တစ်ဦးက ဖြည့်စည်း ပေးကြသည်။ ဤလိုနှင့်ထမင်းမစားချင်ပဲ ခင်ပွန်းသည်က ထမင်းစားလိုသည့်အခါ ဇနီးသည်က ၀င်ပြီးစားရာက နှစ်ဦးနှစ်ဖက် ကျေနပ်မှုရသလိုဖြစ်နေတတ်ကြသည်။သူတို့အတွက် ဖိုမကိစ္စဆိုသည်မှာ တဦး၏ အလိုဆန္ဒကိုနောက် တစ်ဦးက ဖြည့်စည်းပေးရာအရာဝတ္တု ဟုမှတ်ယူထားလေ့ရှိကြသည်။

  3. တစ်ဦးက စိတ်ကျေနပ်မှုရရှိကြောင်းကို နောက်တစ်ဦးသိရှိအောင် နှုတ်ဖြင့်တနည်း အမူအရာဖြင့်တဖုံ ပြသတတ်ကြသည်။
    ကျွန်တော့အဖို့ ကျွန်တော့ဇနီးသည်က အမြဲပွဲကြည့်ပရိသတ်လို '"မောင်ဒီလိုလုပ်လိုက်လို့ ဘယ်လိုပိုကောင်းသွားတာ"' စသည်ဖြင့် အမြဲချီးကျူးပြောဆိုတတ်သလို ကျွန်တော်ကလည်း ဇနီးမယား၏ ဟင်းအစပ်အဟတ်များကို အမြဲချီးကျူး ပြော ဆိုတတ်သည်။ ဇနီးလုပ်သူက ငရုပ်သီးများများထည့်မိသည့်ဟင်းကိုတောင် ဒီလိုစပ်မှ ထမင်းပိုဝင်မှာ လို့ချီးကျူး ပြောဆို တတ်သည်။

  4. ရှိတာကိုအရှိအတိုင်းအကုန်ဖွင့်ပြောကြသည်။
    သာယာသောအိမ်ထောင်ပိုင်ရှင်များသည် သူတို့စိတ်ထဲမှာ ဘာမှမကျန်အောင် မိမိအိမ်ထောင်ဘက် အားဖွင့်ပြောတတ် ကြသည်။ ဒီလိုနှင့် တစ်ဦး၏ အတွေးအခေါ် အယူအဆမျှော်လင့်ချက် ဒေါသ မောဟ အားလုံးကို မျှပေးသည်။ ဒီတော့မှ တစ်ဘက်သားကို မကြိုက်လျှင်မကြိုက်သလို ညှိနှိုင်းပြောဆိုမိကြသည်။ သူတို့၏စိတ်ထဲမှာ တေးထားမည် ဆိုသည့်အယူဝါဒ ဘယ်တော့မှမရှိ။

  5. တစ်ဦးကိုတစ်ဦး အားပေးစကားဆိုကြသည်။
    ဘ၀ဆိုတာ ဘယ်တော့မှ ပြီးပြည့်စုံသည်ဟူ၍ မရှိ၊ လောကဒါဏ် သဘောအရ အတက်နှင့်အကျ ဆိုတာအမြဲရှိ၏ ။ တစ်ခါတရံအကြောင်းမလှ၍ တစ်ဦးက ဒုက္ခတွေ့သည့်အခါ တစ်ဦးကအနားက အားပေးစကားဆိုသည်။ အမြဲနောက်ကွယ်က ရပ်တည်ပေးသည်။ ဒီလိုမျိုးအခက်အခဲများကိုကျော်လွှားနိုင်သော အခါ အိမ်ထောင်ရေးသည် ပိုပြီးခိုင်မြဲသွားတတ်သည်။ ဒုက္ခ ဆိုတာကို နှစ်ကြိမ်လောက် လက်တွဲဖြေရှင်းနိုင်ခဲ့သော အိမ်ထောင်တစ်ခုသည် ဒီတသက်တွင် ပြန်ကွဲဖို့ မလွယ်ကူ တော့ပေ။

  6. သူတို့သည် ချစ်သည့်အကြောင်းကိုလဲ လက်တွေ့ပြကြသည်။
    လစာထုတ်လာသည့်အခါ ဇနီးသည်အတွက် ခေါက်ဆွဲတစ်ထုပ်၊ အင်္ကျီတစ်ထည် ၀ယ်လာတာမျိုး ကိုဆိုလိုသည်။ သူတို့ဟာ ဘယ်တော့မှနောက်တစ်ယောက်အတွက်မေ့မထား၊ မုန့်စားရလျှင် တောင်တဖက်သားအတွက် သတိရနေတတ်သည်။ ချစ်သူ၏ မွေးနေ့၊လက်ထပ်ကြသည့်နေ့ စသည်တို့ကို မေ့နေသည် ဟူ၍ မရှိကြပါ။

  7. တစ်ဖက်သား၏ ချွတ်ယွင်းချက်ကို ခွင့်လွှတ်နိုင်ကြသည်။
    လူဆိုတာပြီးပြည့်စုံသူဟူ၍ မရှိတတ်ကြ အပြစ်နှင့်ကင်းသောသတ္တ၀ါမဟုတ်ပေ။ ဤအချက်ကို သူတို့ကကောင်းစွာလက်ခံထား ကြသည်။ ထို့ကြောင့်တဖက်သောသူက မလုပ်သင့်တာကို လုပ်မိပြီဆိုလျှင်ပင် အပြစ်ဆိုမနေပဲ လမ်းမှန်သို့ပြန်ရောက်စေ အောင် လက်တွဲခေါ်ဆောင်တတ်ကြသည်။

  8. အတူနေနိုင်အောင်အချိန်ကိုရှာတတ်ကြသည်။
    ဘ၀ဆိုတာ ပြသနာပေါင်းစုံ စုဝေးရာနေရာ ဖြစ်သည်။ သားကိစ္စ သမီးကိစ္စ အလုပ်အကိုင် စသော နေ့စဉ် မပြီးမဆုံးနိုင်သော ကိစ္စတွေနှင့် လူအများစု ပိနေတတ်ကြသည်။ ဆေးလိပ်သောက်တတ်သူတစ်ယောက်အတွက် ဆေးလိပ်သောက်ရန် အချိန်ကို ရှာနိုင်သလို။ သူတို့နှစ်ယောက်သည်လည်း သီးသီးသန့်သန့် အတူနေနိုင်ချိန်ကို ရအောင်ယူနိုင်ကြသည်။
အထက်ပါ အချက်(၈) ချက် အတိုင်းသာ တည်ဆောက်ထားသော အိမ်ထောင်ရေးအများစု သည် သာသာယာယာ ရှိနေနိုင်ပါသည်။ သင့်အိမ်ထောင်ရေးမသာယာ ပါက လက်တွေ့စမ်းသပ်ကြည့်ပါ။ သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ ချစ်ဇနီးမောင်နှံ များအားလုံး အိမ်ထောင်ရေးသာယာကြပါစေလို့ ဆုမွန်ကောင်းတောငးလျှက်.................

Comments

  1. စီမံကိန်းတွေ ချ နေပြီ :P

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????