ဘာဖြစ်သလဲနာဂစ်ရယ်

အဲဒီနေ့ကပေါ့ ည ၉နာရီလောက်အိပ်ယာထဲဝင်ဖြစ်တယ်လေ။ တလောကလုံးအမှောင်ကျနေတယ်။အိပ်ပျော်သွားလိုက်တာ ဟဲ့အောင်မျိုးဟန် ထထ ဆိုတော့ မှသတိထားမိလိုက်တာ တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ရွာနေတဲ့ မိုးတွေ မဟုတ်ဘူး တိုက်နေတဲ့လေ တွေ လေတိုက်ချက်က ရက်ရက်စက်စက်ပါလား ဟရို့။တညလုံးမအိပ်ပဲနဲ့ နေရင်းနဲ့ ထိုင်ကြည့်နေလိုက်တာ အလားလား လေထဲ မှာ သွပ်တွေသွပ်တွေ ၀ဲပျံနေလိုက်တာ ဆလောင်းဗန်းတွေရော နောက်တော့ အချိန်ဘယ်လောက်ရှိပြီလဲ သွားကြည့်လိုက်တော့ ၂ နာရီထိုးပြီးပြီ အဲဒါနဲ့ အိမ်ရှေ့ထွက်ထိုင်နေလိုက်တယ် အိပ်လို့လဲ မရတော့ဘူးလေ အဲဒီအချိန်မှာ ၀ုန်းဆိုတဲ့ အသံကြီးက နီးနီးလေးကြားလိုက်ရတော့ ကြည့်လိုက်တယ် ကျွန်တော့အိမ်ဘေးနားက သူငယ်ချင်းတယောက်အိမ်က သွပ်တွေ လန်တက် နေတာ တွေ့လိုက်ရတယ်။နောက် ဘေးအိမ်က ဆလောင်းဗန်းကြီးပြုတ်ကျ အိမ်ရှေ့က သစ်ပင်တွေ တ၀ုန်းဝုန်းလဲ ကုန်ပြီ အနှစ်နှစ်အလလက ရှေ့လူကြီးတွေ စိုက်ထားပျိုးထားတဲ့ အပင်ကြီးတွေ နှစ်ကာလများစွာ အရိပ်ပေးခဲ့တဲ့အပင်ကြီးတွေမရှိတော့ဘူး ..

နောက်ဆိုပူလိုက်မယ့်နေလို့စဉ်းစားမိတယ်။ မနက်၅နာရီလောက်ရောက်တော့ ကဲလိုက်တဲ့အောင်မျိုးဟန် အပြင်ရောက်နေပြီ လမ်းလျှောက်တာ လေကတွန်းပို့နေသလိုပဲ နဲနဲ လျှောက်ပြီးရပ်နေလိုက် ဆက်လျှောက်လိုက်နဲ့ သူငယ်ချင်းတွေအိမ်တွေဘက် ရောက်တော့ သူတို့လဲထွက်လိုက်လာတယ်အဲလိုနဲ့ လူအုပ်ကြီးဖြစ်ပြီ ရပ်ကွက်ထဲ ကင်းလှည့်သလိုလို ဘာလိုလို လုပ်နေလိုက်တယ် တချို့ ဘယ်ကလူတွေမှန်းမသိတဲ့ လူတွေများလောဘဇောတိုက်နေလိုက်ကျတာဗျာ လွင့်ထွက်နေတဲ့ သွပ်တွေလိုက်ကောက်နေကျတယ် အဲလိုလူတွေကိုမောင်းထုတ်ရတာပေါ့ ကိုယ့် အိမ်နီးနားချင်းတွေ ရဲ့ ပစ္စည်းတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ လျှောက်ရင်းနဲ့ ဗိုက်ဆာတော့ အသိတစ်ယောက်ရဲ့ လဖက်ရည်ဆိုင်ဝင်ပြီး အားပေးကြတယ်လေ သူကလဲ သူတို့ မိသားစုပဲ ရှိလို့လားမသိဘူး လိုလို ချင်ချင်ပဲ ဖွင့်ပြီး ရေနွေးတွေ ကြိုတိုက်တယ် ကော်ဖီမစ်တွေ ဖျော်တိုက်နဲ့ ပေါ့။
နေ့လည်၁၂နာရီလောက်ရောက်တော့မှ ကိုယ်တော်ချော နာဂစ် ဦးကျိုးသွားတယ်။
နာဂစ်ဦးကျိုးသွားပြီဆိုတော့မှ ပဲ ကျွန်တော်တို့လဲချမ်းနေပြီလေ အိမ်ပြန်ရေချိုးမယ်တွေးပြီးပြန်လာတယ်။ အိမ်ရောက်တော့ ရေက မရှိဘူးလေ မီးကလဲ ပျက်နေပြီလေ။ အဲဒါမှ ဒုက္ခ ပဲဆိုပြီး မိုးစိုထားတာလေးတွေ သုတ်ပြီး အ၀တ်အစားလဲ ပြီးတော့ ထပ်ထွက်တာပေါ့။ ချစ်သူလေးဆီလဲ သွားရသေးတယ်လေ။ဘာမှမဖြစ်လို့ ရင်အေးရတယ်။ နောက်တော့ညနေမိုးချုပ် မီးမှောင်တော့မယ်ပေါ့လေ။ မီးလေးဘာလေးထွန်းမှ ဆိုပြီး မီးစက်မောင်းမယ် ဆိုမှ ဓာတ်ဆီကုန်နေတာသိရတယ် အဲဒါနဲ့ ဓာတ်ဆီအ၀ယ်ထွက်တော့ မှ အမလေး ဗျ အော်ချင်သွားတယ်။ ဓာတ်ဆီတဂါလံ ၁၀,၀၀၀ တဲ့ ကြားလို့မှကောင်းသေးရဲ့လား အရပ်ကတို့ရေ။ သေလိုက်ပါတော့ .....ရယ်။ ကုန်ဈေးနှုန်းတွေ လဲ ၂ ဆ လောက်တတ်သွားသတဲ့ ဟောဘယ်လိုလုပ်ကြမလဲ။ မနက်ပိုင်းက လျှောက်သားသောက်ထားတာ ပိုက်ပိုက်ကလည်း တော်တော်နည်းသွားပြီ။ ကုန်ဈေးနှုန်းကလဲ ရှယ်တက်နေပြီ ။
သေလိုက်ပါတော့......ရယ်။
နောက်တနေ့မနက် လင်းတော့ ဟေး ဟေး နဲ့ ညာသံပေးတဲ့ အသံတွေ ကြားတော့ ဟ ဘာတွေဖြစ်ကုန်ပြီလဲဟ ဆိုပြီး ကြောက်အားလန့်အားနဲ့ ထွက်ကြည့်မိတော့ အားပါး ဘုန်းဘုန်းတွေ တကယ်ကို အားကိုးရတဲ့ ဘုန်းဘုန်းတွေပါဗျာ လဲကျနေတဲ့ အပင်တွေ နဲ့ လမ်းမှာ ပိတ်နေတဲ့ အပင်တွေ ကို လာရှင်းပေးနေကြတာ။ တကယ်ကြည်ညိုမိပါရဲ့ဗျာ။
အော် ဘာပဲဖြစ်ဖြစ် အော်လိုက်ချင်တာကတော့ 'ဘာဖြစ်သလဲ နာဂစ်ရယ်'။ ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????