ပျော်စရာရွှင်စရာဘလောဂ့်ကမ္ဘာ

တစ်နေ့တွင် ကျွန်တော်မောင်ရက်ရာဇာသည် ကျွန်တော့်၏ စိတ်ထွက်ပေါက် အိမ်တွင် အေးဆေးစွာအနားယူနေခိုက် Republic ဆိုသော လူတစ်ယောက် အိမ်ပေါ်သို့ တက်လာလေ၏။ထိုအခါ ကျွန်ုပ်က

ကျွန်တော်။ ၊ဟာ ဟေ့လူလာဗျာ။ ဘယ်က လှည့်လာတာတုန်း
Republic ၊ ၊ခင်ဗျားဆီလာတာ လာရတဲ့အကြောင်းအရင်း က ....
ဆို၍ အတင်းပင် အပ်တစ်ချောင်းကို ထုတ်၍ ဆေးမင်ထိုးရန် ကြံစည်လေ၏။ကျွန်ုပ်မှာ မည်သို့မျှ ငြင်းဆန်ပါသော်လည်း မရသောကြောင့်ချော့မော့ ၍ မေသူပိုင်တို့ သူငယ်ချင်းသုံးယောက် ပေါင်း၍ ဖွင့်ထားသော လက်ဖက်ရည်ဆိုင်ဖက်သို့
ဆင်းပြေးရလေ၏။
လက်ဖက်ရည်ဆိုင်သို့ ရောက်သော်
ကျွန်တော် ၊ ၊ ညီငယ်တီးရေ ပေါ့စိမ့်တစ်ခွက်... ဟုမှာပြီးနောက် ကျွန်တော် အမောဖြေနေစဉ်တွင်
အဖျော်စရာလည်းလုပ် စားပွဲထိုးလဲ ဖြစ်သော အသက် ၂၀ အရွယ်ရှိ Tea တစ်ယောက် က ကျွန်ုပ်အားလက်ဖက်ရည် လာပို့ ပေးလေ၏။
Tea ၊ ၊လ္ဘက်ရည်လာပို့သွားတယ်....

ထို့နောက် အဖျော်ဆရာ Tea နှင့် Opposite Eye တို့ ၏ စကားစစ်ထိုးပွဲကို ဘေးမှ မသိမသာ နားစွင့်၍ နေစဉ်တွင်
"ဟော့ဒီက အေးကြည်မ ကြွပ်ကြွပ်ကြော် စားကြအုံးမလား တစ်ရာဖိုး ၃ခု"
ဟူသောအသံကို ကြားလိုက်ရလေ၏။

ထိုအခါမှာ မနက်စာမစားရသေးသော ကိုယ့်အဖြစ်ကို တွေးမိပြီး အကြော်သည်ကို လှမ်းကြည့်လိုက်သောအခါတွင် ကျွန်တော်တို့၏ မိတ်ဆွေကြီး ကြောင်တောင်တောင် မောင်မျိုး (အဲ) မှားလို့ ကြောင်တစ်ကောင် မောင်မျိုး တစ်ယောက်ွGoogle Talk ဗန်းနှင့် အကြော်လိုက်ရောင်းနေသည်ကိုတွေ့ရလေ၏။ကျွန်ုပ် လည်း မိတ်ဆွေအရင်းအချာတွေ ဖြစ်သဖြင့် ၁၀၀ ဖိုးတိတိ အားပေးပြီးနောက် ဒီအချိန်လောက်ဆို Republic ပြန်လောက်ပါပြီ ဆိုပြီင်္း မေသူပိုင်တို့ လက်ဖက်ရည်ဆိုင်မှ ပြန်ခဲ့လေသည်။

ထို့သိုလျှောက်လာရင်းလမ်းတွင် မင်းညီမင်းသားဝတ်စုံဖြင့် နေပူကြဲကြဲတွင် တစ်လှမ်းခြင်း လျှောက်လာသူတစ်ယောက်ကိုတွေ့တော့ သေချာကြည့်မိတော့မှ အော် နတ်ရှင်နောင် ကြီးပါလားဗျ ဟုနှုတ်ဆက်လိုက်သောအခါ သူက
"မင်္ဂလာနံက်ခင်းပါခင်ဗျ " ဟု လျှာလေးထုတ် ပြုံးပြနှုတ်ဆက်လေသည်။ ကျွန်တော်လည်း ကြောင်တောင်တောင် ဖြစ်သွား၍ လက်ပတ်နာရီကို ကြည့်မိတော့ 12:30 ပင်ရှိနေကြောင်းတွေ့ရလေ၏။ သြော်..ပညာရှိသတိဖြစ်ခဲနေမှာပါ။ :P

ထို့နောက် အိမ်ပြန်ရောက်သည်ဟူ၏။ အိမ်တွင် အိပ်မည်ကြံတုန်း စပ်မိစပ်ရာလျှောက်ပြောတတ်သော ကိုဝင်းနိင်တို့ ၏ ကြော်ငြာကားကြီး ရောက်လာလေသည်။
"ဤလမ်းအတွင်းတွင်နေထိုင်ကြသော မိဘပြည်သူများခင်ဗျာ ယနေ့ရောင်းချပေးမယ့် ဆောင်းပါးလေးကတော့ လိင်မှုဆိုင်ရာ မီဒီယာများနှင့် ဈေးကွက် ဖြစ်ပါတယ်ခင်ဗျား စိတ်ဝင်စားမယ် ဆိုရင် ကားနောက်ခန်းလေးမှာ အစအဆုံး လာရောက်ဖတ်ရှုနိုင်ပါတယ် မကျေနပ်ရင် တစ်ပြားမှပေးစရာမလိုပါဘူး ....." စသည်ဖြင့် ကြော်ငြာလေ၏။ ကျွန်ုပ်လဲ ယောက်ျားသားတစ်ဦးဖြစ်တော့ စိတ်ဝင်စားပြီးအပြေးအလွှား သွားဖတ်ရသေးတာကိုး ထိုသွားဖတ်နေခိုက် အိမ်ပေါ်သို့ ဧည့်သည်တစ်ဦး တက်သွားတာတွေ့လိုက်သဖြင့် မြန်မာလူမျိုးတို့ ထုံးစံအတိုင်း ဧည့်သည်လာတာအလွန်ပျော်သောကြောင့်အ ပြေးအလွှားဧည့်ခံလေရာ
ထိုဧည့်သည်က
"ကျွန်တော့နာမည်က ဆူးလင်းသစ် ပါ ဆရာက စိတ်ထွက်ပေါက်ရနေတယ်ဆိုလို့ ကျွန်တော့် ဘ၀လေးပြောင်းသွားအောင် ချဲဂဏန်းလေးပေးပါလားဗျာ" လို့ ခရီးရောက်မဆိုက် ချဲနံပါတ်တောင်းလေတော့သည် ကျွန်တော်လဲ ဟန်ကိုယ့်ဖို့ ပဲ ဟု မှတ်ယူ၍ တွေ့ကရာထိုးပြလိုက်လေရာ ကျွန်တော့ အိမ်သို့ လာသူများအရေအတွက် ကို နံရံတွင် မြေဖြူခဲဖြင့် မှတ်ထားသည့်နေရာကို ထိုးမိလေရာ ဆူးလင်းသစ်တစ်ယောက် အသည်းအသန် မှတ်၍ ပြတ်သွားလေ၏။

ထိုအခါမှာ ကျွန်တော်လဲ ဧည့်သည်လဲ ပါး သွားပြီဖြစ်သဖြင့် နောက်နေ့လာမည့်ဧည့်သည်များအကြောင်းကို စိတ်ကူးယဉ်ရင်း အိပ်ယာထဲသို့ ၀င်လိုက်ပါတော့သည်။။။

ပြီးပါပြီ


Comments

  1.်ဟားဟား ကြောငြာကား ထပ်လာသွားပါတယ် :)

    ReplyDelete
  2. လူတိုင်း အမောတွေ ပြေစေရန်..
    ကျွန်တော့်အိမ် တီးရှော့ပ်လေးမှ ကြိုဆိုပါ၏။

    :)

    တီးပုံမှန်လာသုံးဆောင်သော လူများအားလုံးကို ကျေးဇူးတင်၏။

    ကိုအောင်မျိုးဟန်လို နေ့တိုင်းလာရောက် မှာယူနေသူကို လည်း ကျေးဇူးတင်သည်။

    အဆင်ပြေပါစေ။

    :)

    Tea

    ReplyDelete
  3. သူ tattoo ထိုးနေတုန်း မီးပျက် သွားတာလေ ၊၊ တစ်ဝက်တစ်ပျက် ကြီးမို့ အိမ်လိုက်ထိုးပေးတာ ၊
    အလကားထွက်ပြေးတယ် ..ဟီး ….ပျော်ရွှင်ပါစေဗျာ ၊၊

    ReplyDelete
  4. Republic ရေ ကြောက်ပါတယ်ဗျ

    ReplyDelete
  5. Anonymous6.6.08

    ဟားဟား လူစုံသားပဲ ပျော်စရာကြီးးး) ကျနော်က အခြေနေမကောင်းတော့ အကြော်ရောင်းထွက်ရတာပေါ့ဗျာ သိတဲ့ အတိုင်း သမုဒ္ဒရာ ၀မ်း ၂ ထွာတဲ့ အိမ်က ချစ်ချစ်က တစ်ထွာ ကျနော်က တစ်ထွား ပေါင်း ၂ ထွာ ဟီးးးးးးး။

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????