အစွန်းရောက်

ယောက်ျားတစ်ယောက်ရဲ့မာန
ခ၀ါချမိတဲ့ အထိကို
ချစ်မိပါတယ်
အတိုးတက်သလိုမျိုးပေါ့
မင်းရဲ့အချစ်ဆိုတာကို
ကိုးကွယ်မိပါတယ်

ဘာ...ကြေကွဲရမယ့်အချိန်
မင်းပြောခဲ့စဉ်တုန်းက
တိမ်ဝင်သွားတဲ့ ငါ့အသံတွေ
မင်းမသိလိုက်တာလား
ဝေ့တက်လာခဲ့တဲ့ မျက်ရည်ဆိုတာတွေကို
တကယ်ရင်ဆိုင်ရတော့မှပဲ
ဝတ်လည်တယ်ဆိုတာကိုလက်ခံမိတော့တယ်

သြော်..ချစ်သူရယ်
ငါ့အချစ်က မင်းလက်ခုတ်ထဲကရေ
မင်းနေစေချင်နေ
မင်းကြွေစေချင်ကြွေနေမှာပါ
သေအောင်ဝေဒနာတွေမပေးဖို့တော့
နောက်ဆုံးတောင်းပန်ထားပါရစေ။ ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????