လွဲခဲ့ရ ပထမများ

သူများတွေ ပထမ အကြောင်းရေးနေကြတာတွေ့မှာ ကိုယ့်ကိုကို နောက်ဆုံးဖြစ်ဖြစ်နေတတ် တဲ့အကြောင်းကိုရေးချင်စိတ်ဖြစ်လာတယ်။ ဟုတ်တယ် အောင်မျိုးဟန်တို့ ကတော့ အမြဲတမ်း နောက်ဆုံးပဲ ပထမ ဘယ်တော့မှ မဖြစ်ခဲ့ဘူး။ ငယ်ငယ် က လွတ်လပ်ရေးနေ့ အပြေးပြိုင်တာ တောင် အပြေးသန်ရဲ့သားနဲ့ကိုဒုတိယ ဖြစ်နေခဲ့တာ။ ပထမမရတဲ့ အကြောင်းပြောပါတယ်။ ကျောင်းတွေမှာ စာမေးပွဲဖြေတော့ လဲ စာဘယ်လောက်ကြိုးစားကြိုးစား ပထမ မရခဲ့တာ ပဲလေ။

မိဘတွေ ရဲ့ဂရုစိုက်ခံရမှု ။ ၊၊ အဲဒါကိုပြောပြရရင် ခုစာဖတ်နေတဲ့ သူထိုင်ငိုသွားရလိမ့်မယ်။ မွေးကတည်းက ၃ နှစ်သားလောက်မှာ အဖိုးနဲ့နေခဲ့တဲ့ ကျွန်တော့ကို ကျွန်တော့အဖေနဲ့ အမေ ကသိပ်ဂရုမစိုက်ဖူးလို့ ထင်တယ်။ ခုချိန်ထိ အသက် ၂၅ ကျော်ခဲ့ပြီ မိဘကျေးဇူး ကိုတော့ သိပါရဲ့ ဒါပေမယ့် မိဘတွေနဲ့ သိပ်မရင်းနှီးသလိုပဲ ခံစားရတယ်။

သူငယ်ချင်းတွေရဲ့ ဂရုစိုက်ခံရမှု။ ။ အရင်ကတော့ ကိုယ့်ကိုယ်ကို တော်တော်ကံကောင်းတဲ့ သူပဲလို့ထင်ခဲ့တယ်။ အပေါင်းအသင်းတွေ ဂရုစိုက်တယ်လို့ ထင်တယ်လေ။ နောက် တဖြည်း ဖြည်း ကိုယ့်အနေအထားကိုယ် သိလာတဲ့ အခါမှာ ရခဲ့တယ်လေ နောက်ဆုံးနေရာတစ်ခု။

ဒီလိုပါပဲ နေရာတော်တော်များများမှာ နောက်ဆုံးနေရာတွေ ရနေခဲ့တဲ့ကျွန်တော် ……

တစ်ခါတစ်လေလည်း ပထမဦးစားပေးဆိုတဲ့ နေရာလေးတစ်ခုကိုယ် မျှော်လင့်ခဲ့တာပေါ့ဗျာ။
ဒါပေမယ့် ခုချိန်ထိတော့ ပထမ ဆိုတဲ့နေရာကို မရခဲ့သေးပါဘူးဗျာ။။။။။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????