”နွား”



ကျွန်တော့သူငယ်ချင်းမွေးနေ့လက်ဆောင်ပေးတဲ့ကဗျာပေါ့

တကောင်က
သူ့ကိုလွမ်းနေရတယ်
တကောင်ကို
သူက လွမ်းနေရတယ်
ပြီးတော့
အလွမ်းတပိုင်းတစနဲ့
တကောင်ကောင်ကိုချစ်ဖို့ကြိုးစားနေပြန်တယ်
ဆုံးမပြန်ရင်လည်း
Rapတွေရွတ်ပြနေဦးမယ်
တော်သေးတာပေါ့
အရှုပ်ထုပ်တွေကြားမှာ
အလုပ်လေးအဖက်နဲ့
စိတ်ရင်းကောင်းလေးရှိနေသေးလို့
ဘယ်လိုပဲဖြစ်ဖြစ်
ထိန်းရခက်တဲ့
ဒီ..လူ့ငနွားလေးအတွက်
ချည်တိုင်ကောင်းကောင်းလေးတော့
ရှာပေးဦးမှ---------------။

Comments

  1. ကောင်းတယ် ကဗျာလေးက..
    ဒါနဲ့စကားမစပ်.. ဆီဗုံးကို www.cbox.ws မှာ သွားပြီးတော့ register လုပ်ထားသေးလား။ တစ်ခါတစ်လေမပေါ်ရင် page element မှာပြန်လုပ်ပေးရတယ်။ မရရင် အစ်မကို အီးမေးပို့လိုက်


    barnyar

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ခင်ဗျာ။ရသွားပါပြီ။ ဒန်တန့်တန်။

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????