မျှော်လင့်ရင်းရူး

တို့နှစ်ယောက်ချစ်ခြင်း
ဝေးသွားကြပေမဲ့
ယုံကြည်ပါတယ်
မချစ်လို့ဝေးရတာမှမဟုတ်
အခြေအနေကြောင့်
တို့နှစ်ယောက်ဝေးရပေမဲ့
ဘယ်တော့မှမမေ့ဘူးဆိုတာ
ယုံကြည်ထားပါ

ကြေကွဲမှုမျက်ရည်မကျချင်လို့
အလွမ်းမိုးတွေမရွာပါနဲ့လို့
မတားချင်ပါဘူး
ကံကြမ္မာရက်စက်သမျှ
ကြည်ဖြူစွာခွင့်လွှတ်
သံယောဇဉ်တွေနဲ့
ှဆက်ချစ်လို့
အလွမ်းသံစဉ်ကြားထဲ
လွမ်းမောဖွယ်အတိတ်နဲ့အတူ
ထာဝရမျှော်လင့်နေဦးမယ်
အလွမ်းတွေနောက်
အချစ်တွေပြန်ရောက်ဦးမယ်

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????