သော့ပျောက်တဲ့ည

တကယ်သော့ပျောက်နေတယ်
ငါ့ညတွေပိတ်မိနေတယ်
အခန်းတခုထဲမှာလှောင်ပိတ်ခံနေရတဲ့ငါ
အနာဂတ်တံခါးတွေ တချပ်မှပွင့်မလာခဲ့ဘူး
ငါ....
လှောင်ပိတ်ခံထားရတယ်
ဇောချွေးတွေ တသွင်သွင်စီးကျလို့
ဘ၀နာရီတွေရဲ့ တချက်ချက် သွားသံဟာ
ခြောက်လှန့်နေကြတယ်
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ငါ့မှာကူကယ်ရာမဲ့ လှုပ်ရှားနေတဲ့ ကြောက်ရွံ့စိတ်တွေရယ်
အနာဂတ်ပျောက်သူတယောက်ရဲ့ သိမ်ငယ်မှုတွေရယ်
ဖိဆီးခြင်းကို အချိန်နဲ့အမျှ ခံစာနေရတယ်
ငါ့ထွက်ပေါက်တံခါးတချပ်မှ ပွင့်မလာသေးဘူး
နံရံရဲ့အခြားတဖက်မှာ ငါ့ချစ်သူရဲ့ အော်သံကြားရတယ်
သူလဲပဲ ပိတ်မိနေခဲ့ပြီထင်တယ်
ငါတို့နှစ်ယောက်ဆုံစည်းဖို့
ဒီတံခါးတွေ ငါရိုက်ချိုးဖို့ အင်အားတွေဘယ်မှာလဲ
ဖွင့်ထွက်ဖို့ သော့တွေဘယ်မှာလဲ
ငါသော့ပျောက်နေတယ်
ငါသော့ပျောက်နေတယ်
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????