လက်ထပ်လက်စွပ်

မင်းရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ

လက်စွပ်လေးတကွင်းငါစွပ်ပေးပါရစေ

ဘာလက်စွပ်လဲလို့ မင်းမေးရင်

ငါဖြေလိုက်မယ်

`လက်ထပ်လက်စွပ်ပါ ချစ်သူ´လို့လေ

မင်းရှက်ပြီးရယ်နေမှာငါမြင်ယောင်ပါသေးရဲ့

တချို့က ညာဘက်လက်သူကြွယ်မှာဝတ်ကြတယ်

ဒါပေမဲ့ ချစ်သူ ရယ် ဘာပဲဖြစ်ဖြစ်ပေါ့

ဘယ်ဘက်လက်သူကြွယ်မှာပဲ ၀တ်လိုက်ပါ

မင်းရင်ထဲမှာတော့ ငါ့ကို ထည့်ထားပေးလိုက်နော်။။



Comments

  1. အင်းဗျာ..မင်းသားတို့ကတော့ စိတ်ကူးယဉ်နိုင်တာပေါ့...လက်စွပ်လေးတွေကတော့ အလှသားပဲ...ချစ်သူက ကြိုက်မှာပါ..ပေးသာပေးလိုက်..

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

ဝီရိယ လွန်တော့??????