အမေ မနက်ဖြန်ဆို အမေမွေးခဲ့တဲ့ အမေ့သားလေ အသက် ၂၅ နှစ်ပြည့်ပြီ အမေရ။ အဲဒီ ၂၅ နှစ်ဆိုတဲ့ အချိန်မရောက်ခင် ဟိုးမွေးကင်းစ ကလေးလေး ဘ၀ မှာအမေပြုစုစောင့်ရှောက်ခဲ့တာတွေ ကို သားကိုယ်တိုင်မမှတ်မိပေမယ့်၊မသိခဲ့ပေမယ့် သားသည်အမေတွေ သူတို့ ကလေးကို စောင့်ရှောက်ပြုစုတာမြင်ရရင် သြော်.. ငါ့အမေလဲ ငါငယ်ငယ်တုန်း က ဒီလိုမျိုး စိုးရိမ်ခဲ့မှာပဲ လို့ သားစဉ်းစားမိပါတယ်အမေ။ အခေုတော့ အမေ့သား အမေ့ ဗိုက်ထဲက ထွက်ခဲ့တာ ၂၅ နှစ်တောင်ရှိပြီအမေရဲ့။ အမေ့သားလေ အမေ နေ့စဉ်ပို့သတဲ့ မေတ္တာတွေကြောင့် ခလုပ်မထိ ဆူးမငြိခဲ့ပါဘူးအမေ။ အမေသင်ကြားပေးခဲ့တဲ့ ပညာတွေ ရဲ့ အသီးအပွင့် တစ်ချို့ကို စတင် စားသုံးနေပါတယ်အမေ။ အမေ.... အမေ့သားလေ ဟို လွန်ခဲ့တဲ့ နှစ်တွေအမေ နေမကောင်း ဖြစ်တုန်း က အမေ့လုံချည် လျှော်ခဲ့ဖူးတာကို ခုတော့ သားဂုဏ်ယူစွာနဲ့ ပြောရဲနေပါပြီအမေ။ အမေ... သားလေ တကယ်အဝေးကိုရောက်နေမှ အမေဟာ သားတစ်ယောက်အတွက် တကယ်လိုအပ်ပါလားလို့ သားသိခဲ့ပါတယ်အမေ။ အမေ... ကျွန်တော့်အမေဟာ လေးတန်းတောင်မအောင်ပါဘူး အမေ...ကျွန်တော့အမေဟာ အင်္ဂလိပ်စာ မတတ်ပါဘူး အမေ...ကျွန်တော့အမေဟာ သားသမီးတွေကို လမ်းမှန်ရောက်အောင်ပို့ပေးနိုင်ခဲ့တယ် အမေ...ကျွန်တော့်အမေဟာ သားသမီးတွေကို ဒီအသက...
Comments
Post a Comment
ဤသို့ခံစားရပါသည်