ံရပ်တန့်သွားခြင်း

ဒီ အချစ်ဆိုတာကြီးက
ငါ့နှလုံးသားကို
နောက်တခါ ဆုံးပါးစေဦးမှာလားကွယ်......................


ရင်ခုန်သံတွေရပ်တန့်
အမြင်အာရုံတွေမှာပုံရိပ်တစ်ခုသာထင်ကျန်နေတော့တယ်
ဘာအမိန့်မှမပေးနိုင်
ဘာအကြောင်းမှမတွေးနိုင်
မှတ်ဥာဏ်ထဲမှာလဲ ရာခိုင်နှုန်းပြည့်နေရာယူနေတော့
ငါ့ကိုယ်ထဲကသွေးတွေတောင်
လည်ပတ်နှုန်းနှေးသွားစေတယ်
အချိန်တိုင်းမင်းအကြောင်းတွေးမိနေတယ်ကောင်မလေးရယ်
ရပ်တန့်သွားတဲ့ငါ
ရပ်တန့်သွားခဲ့တဲ့ အချိန်
ရပ်တန့်သွားခဲ့တဲ့ ရင်ခုန်သံတွေဟာ
မင်းမရည်ရွယ်ပဲ ပစ်လွှတ်လိုက်တဲ့ မြားချက်တွေကြောင့် ပဲဖြစ်မယ်
သြော် ဘာပဲဖြစ်ဖြစ်လေ
ဒီ အချစ်ဆိုတာကြီးက
ငါ့နှလုံးသားကို
နောက်တခါ ဆုံးပါးစေဦးမှာလားကွယ်
နောက်တခါ ဆုံးပါးစေဦးမှာလားကွယ်

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????