ဒုတိယအကြီမ်မြောက်ကြက်ဟင်းခါးသီးဝိုင်သောက်ခြင်း

သောက်လိုက်တိုင်းလဲ သိင်္ဂါရ ရသမြောက်စေဖို့အတွက်
သောက်မိလိုက်တိုင်းလဲ ခါးသက်တဲ့ အရသာပဲ ရင်မှာစွဲကျန်ရစ်စေခဲ့တော့
ခုနောက်တခွက် ကျွန်တော် ဆက်သောက်ဖို့ အင်အား
သူလဲ ချိုပါ့မလားဗျာ


အရင်က မက်မောစွာသောက်ခဲ့ဘူးတဲ့
ကြက်ဟင်းခါးသီး ၀ိုင်တခွက်
ခုထပ်သောက်မယ့် ကြက်ဟင်းခါးသီးဝိုင်တခွက်
အတူတူပေမဲ့ နောက်တခွက်သောက်ရင်
ကျွန်တော် ချာချာလည်မူးမလားကြောက်နေမိတယ်
အများသိအတိုင်း တခွက်ဝင်ပြီးတော့လဲ
နောက်တခွက်နောက်တခွက်နဲ့
ေ၀၀ါးလာခဲ့ရတာ ခုတော့လူလဲ
ထုံကြင်နေပါပြီ
သောက်လိုက်တိုင်းလဲ သိင်္ဂါရ ရသမြောက်စေဖို့အတွက်
သောက်မိလိုက်တိုင်းလဲ ခါးသက်တဲ့ အရသာပဲ ရင်မှာစွဲကျန်ရစ်စေခဲ့တော့
ခုနောက်တခွက် ကျွန်တော် ဆက်သောက်ဖို့ အင်အား
သူလဲ ချိုပါ့မလားဗျာ။ ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????