ဘက်စုံစဉ်းစားခြင်း

အရက်

အရသာမရှိမှန်း သိရက်နဲ့ 

တရှိုက်မက်မက်မျိုချ

ဘ၀ကိုထွေးပစ်ပြီး အနာဂတ်ကိုညစ်ပတ်စေတာသူပေါ့ ။

ပျင်းရိခြင်း

အထင်မသေးလိုက်နဲ့ နော်

သူ..... ခန္ဒာကိုယ်ထဲရောက်လာရင်

မလွဲမသွေဆုံးရူံ့း ခြင်းများနဲ့  ရင်ဆိုင်ရလိမ့်မယ် ။

ရိုးသားခြင်း

အနာဂတ်တလျောက်လုံးရှင်သန်ဖို့ 

မဖြစ်မနေလိုအပ်တဲ့ ဓာတ်အားတွေထဲမှာ

ငွေနဲ့ ဝယ်လို့ မရတာ သူပေါ့ ။

အချစ်

ငါ့ဆီချဉ်းကပ်လာတဲ့ ရန်သူတွေထဲမှာ

မင်းဟာ

အဆိပ် ပြင်းဆုံးနဲံ့  ကြောက်စရာအကောင်းဆုံးပဲ ။


မိတ်ဆွေ

ဆုံးရှုံးမှုတစ်ခု [တွေ့ လိုက်တိုင်း ]

အရောင်တောက်တောက်လာတယ်

အဖိုးဖြတ်မရတဲ့ လွယ်အိတ်တစ်လုံးပေါ့ ။

အလုပ်

ငွေနဲ့ တန်ဖိုးမဖြတ်ကြပါနဲ့ 

ဘ၀တသက်တာ မမွဲစေတဲ့ဂါထာ

ဥုံ , သြောင်းမပါဘူးလေ ။


ကျွန်တော်ရေးထားတာမဟုတ်ပါဘူး ကျွန်တော့် သူငယ်ချင်းတယောက် က ပို့လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် စာသားလေးတွေက အဓိပါယ်ရှိတော့ ဖတ်တဲ့ သူအတွက်လဲကောင်း ရေးတဲ့သူလဲ သူ့စာလေးတွေ အများဖတ်ဖြစ်သွားအောင် တင်ပေးလိုက်တာပါ။
ရေးသူနာမည် မသိတဲ့ အတွက် မဖော်ပြနိုင်ပါဘူး။ အကယ်၍ ရေးသူနာမည် သိကြရင် Comment မှာပြောသွားနိုင်ပါတယ် ကျွန်တော် ဖော်ပြ ပေးပါမယ်။

Comments

  1. ဗဟုသုတ ရစေပါတယ်
    ပျင်းရိခြင်းက အောင်မြင်မှုတွေကိုလည်း နှောင့်နှေး စေတယ်
    ပျင်းတဲ့ စိတ်မရှိရင် ကောင်းမယ်နော့
    မကောင်းတာ သိရက်နဲ့လည်း တခါတလေ ပျင်းနေတတ်တယ်

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????