အမေအတွက်


အမေ
ကျေးဇူးပါအမေ
သားကိုငယ်စဉ်ကတည်းက
ခုအချိန်ထိအောင် အားပေးမှုတွေ နဲ့
စိတ်ဓာတ်ကျနေချိန်မှာ
တနေ့တခါ အားမငယ်ရအောင်
စကားလှမ်းပြောပေးခဲ့တာလေ

အမေ
အမေမွေးခဲ့တဲ့ သားလေ
အမေ သင်ပေးခဲ့၊ အမေပြောပြခဲ့တဲ့
ဘ၀အကြောင်းတွေကို
ခုတော့ လက်တွေ့ ရင်ဆိုင်ဖြေရှင်းနေခဲ့ပြီ အမေ

အမေ
အမေမွေးခဲ့တဲ့ သားလေ
အမှားအယွင်းတွေလဲ
ကြုံရပေါင်းများသလို
အများအကျိုးဆိုလဲ
နောက်မတွန့်ခဲ့ပါဘူး အမေ

အမေ
အထူးကျေးဇူးတင်ပါတယ်အမေ
အသည်းကွဲတယ်ဆိုတာ
ဒါမျိုးမဟုတ်ဘူးလို့ပြောခဲ့တုန်းကပေါ့


အမေ
ခုတော့ လည်း
သားစိတ်တွေတည်ငြိမ်သွားလို့
ဘ၀လက်တွဲဖော် ရှာတွေ့ပါတယ်အမေ

အမေ
အမေပေးခဲ့တဲ့
နှလုံးသားတစ်စုံ
ထိမ်းမရအောင် ခုန်နေတယ်အမေ

နွေကန္တာဘယ်လောက်ပူပူ
မိုးဝသန် ဘယ်လောက်ကြမ်းကြမ်း
သားကိုအားပေးခဲ့တဲ့ အမေ
အဝေးတနေရာစီရောက်နေလဲ
စိတ်တွေမချပဲ
အိပ်မပျော်တတ်တဲ့ အမေ
အမေရဲ့ မွေးနေ့မင်္ဂလာမှာ
သားမပါလဲ ပျော်ရွှင်နိုင်ပါစေလို့
သားဆုတောင်းရင်း
HAPPY BIRHTDAY MOM!

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????