My Chemical Love

မင်းရဲ့ ကိုယ်သင်းနံ့ကအစ
ခုံမင်ရူးသွတ်ခဲ့သူပါ
အိပ်ပျက်အောင်မနှိပ်စက်ပေမဲ့
ငါ့အိပ်ပျက်ညတချို့ဟာ
မင်းနဲ့ တိုက်ရိုက်အချိုးကျခဲ့တယ်

မင်းနှုတ်ခမ်းက မြည်တမ်းတဲ့
အသံတိုင်းကို
သရုပ်ခွဲနေမိသူပါ
အလွမ်းတချို့ကို
မဆိုငြီးပါနဲ့တော့....

မင်းငါ့အချစ်ကို ဖန်ပြွန်တခုမှာထည့်ပြီး
ဓာတ်ခွဲကြည့်ပါ
အစမ်းသပ်ခံငါ့အချစ်တွေဟာ
ဘာနဲ့ရောရော
ဂုဏ်သတ္တိမပြောင်းတာကို
မင်းတွေ့မယ်ဆို
မင်းတန်ပါတယ်
မင်းရဲ့ကော်လံတွေကိုထောင်ထားလိုက်ပါ....။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????