ပျက်ယွင်းသွားသော

ယုံကြည်ချက်တချို့ရှိတယ်
မာကြောမှုမြင့်တယ်
ထင်သာမြင်သာတယ်
သိပ်သည်းမှုအားကောင်းတယ်
လောကဓံကိုလည်းရင်ဆိုင်နိုင်မယ်

ဒါပေမဲ့
လူတွေလက်မခံနိုင်ဘူး
အချိန်ပေတံနှင့် အတိုင်းခံခဲ့ရတယ်
သံသယအကြည့်တွေကို လက်ခံရရှိတယ်
စကားလုံးတွေရဲ့ တိုက်စားမှုကို ပြင်းထန်စွာခံစားရတယ်

ဒါကြောင့်
ယုံကြည်မှုယိုင်နဲ့လာတယ်
မယုံကြည်ရဲသလောက်ဖြစ်လာတယ်
အနာဂတ်တချို့ကိုကြောက်လာတယ်

နောက်ဆုံး
ဟောင်းနွမ်းဆွေးမြေ့လာတယ်

ထို့နောက်
ှုှုှုXXXXXXXXXXXXXXX.....။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????