မျိန်ပြပြအနာဂတ်တခုအကြာင်း

အနာဂတ်တွေတောင်
အရောင်မှိန်သွားသလိုပဲ
ငါ့ပစ္စုပန်တွေမှာ
တိမ်တွေအုံမှိုင်းနေတယ်
ပြိုကျမယ့်မိုးလို
ညိုမှောင်နေတဲ့ ဘ၀မှာ
အက်စစ်မိုးတွေရဲ့ အနံ့ကို
သံသယ၀င်နေတယ်

ခပ်ကြမ်းကြမ်းစကားတွေ
ငါ့နှုတ်ကထွက်ကျသွားခဲ့တဲ့
အဲဒီတနင်္ဂနွေကိုတော့
ငါ့အတိတ်မှာထားခဲ့ပါရစေ

ချစ်သူရေ
ငါ့အနာဂတ်တွေလင်းချင်းဖို့
ငါ့ဘ၀ထဲကို မင်းနင်းလို့ဝင်ခဲ့ပါတော့
ငါမျှော်ရတာမောလှပြီ.......

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????