အိမ်ပြန်ချိန်

လေးပင်တဲ့ခြေလှမ်းတွေ
ငါ့ခြေထောက်တွေ
ငါ့စိတ်တွေ
အသက်ဝိဥာဉ်ကင်းမဲ့နေတယ်
သြော်...ဒါအိမ်ပြန်ချိန်ပဲ

ကောင်မလေးရေ
ငါ့ခန္ဒာက ငါ့ဝိဥာဉ်ကို နှုတ်လို့
နင်အိမ်ပြန်သွားခဲ့တာလားကွယ်
ဒါဆိုရင်တော့ နင်ဟာ
ငါသိပ်ချစ်ရတဲ့ စုန်းမလေးပေါ့

ငါအိမ်ပြန်ရတဲ့ခြေလှမ်းတိုင်းမှာ
အသက်မပါ
ဒါပေမဲ့
ငါ့ဦးနှောက်ထဲမှာတော့
ဒီဘ၀ကနေရှေ့ဆက်ဖိုက
အနီရောင်အနက်ရောင်
ဥာဏ်တွေကို ကြံနေလေရဲ့ ကွယ်.........

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????