Tear Here=??????

Tear Here တဲ့ နေရာလေးတစ်ခု Coffee Mix ထုပ်လေးပေါ်မှာ ပါတာကိုသတိထားမိခဲ့တာကြာပါပြီလေ။ ဒီ Coffee တွေ ကို သောက် လာတာလည်းအချိန်တွေတော်တော်ကြာကြာပဲကိုး ဒါပေမယ့် မတွေးခဲ့မိဘူးလေ။ခုတော့ Coffee သောက်တိုင်းသတိထားမိတာ

Tear = မျက်ရည်
Here = ဒီနေရာမှာ
Tear Here = ဒီနေရာမှာ ငိုစေ လို့များလားကွယ်

အော် Coffee ထုပ်လေးတွေ က ကျိမ်စာတိုက်ထားတာများလား။ တချိန်ချိန် Coffee တစ်ထုပ်ကိုဖောက်သောက်ဖို့ကြိုးစားတိုင်း မျက်ရည် ကျနေမိမှာကို ကြိုတွေးမိလာတယ်။ Coffee mix တစ်ထုပ်ကိုဖောက်မတိုင်း Coffee တစ်ခွက်ကိုသောက်တိုင်း မင်းကို တမ်းတမ်းတတ လွမ်းနေရမယ်ဆိုရင်.......

တစ်ခါတစ်ခါကျရင်လဲ တစ်ခဏတာလောက် အလွမ်းရဲ့ အရသာကို ကြိုက်နေမိတယ်။ ဒါပေမယ့် မျှော်လင့်ချက်နဲ့လေ။ တစ်ခဏလောက် အလွမ်းတွေကို ခံနိုင်ရည်ရှိပေမယ့် ။ ရက်ရှည်ကြာ မတွေ့ရဘူး ဆိုရင်တော့ ငါ Coffee Mix ထုပ်လေးတွေရဲ့ ကျိန်စာအတိုင်း
ငိုနေမိမယ်ထင်တယ် ချစ်သူရယ်။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????