ချစ်သူသို့

ချစ်သူ
အရင်ကတော့ ငါဟာ နင့်ကို
မမြင်ရရင်မနေနိုင်တဲ့
ရောဂါစွဲကပ်ခဲ့တယ်
နင်သိပါတယ်

ချစ်သူ
အရင်ကတော့ ငါဟာ
နင့်အသံမကြားရင်
မကျေနပ်နိုင်တဲ့
ဝေဒနာရရှိခဲ့တယ်
နင်သိပါတယ်

ချစ်သူ
ခုတော့ငါဟာ
နင်မရှိရင် မဖြစ်တဲ့
ရောဂါ ရရှိနေပြီ
အဲဒီအတွက်ဆေးတစ်ခွက်
နင်သိပါတယ်.......


Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????