Posts

ရိုးမြေကျ

Image
တို့တွေဘ၀ ရိုးမြေကျတဲ့ထိပေါ့................. ချစ်သူ ဒီကဗျာဖတ်ပြီးရင် မင်းမျက်နှာမှာ ရှက်သွေးဖြာပါစေ ကိုယ့်ရင် ရတက်မအေးနိုင်တာ ဒီတသက် မဝေးရဖို့ပဲလေ နွေးထွေးတဲ့နေ့တွေ ကို စိတ်မှာလွမ်းနေရုံလေးနဲ့တော့ အချစ်တွေ ထပ်သစ်လာမယ် မထင်ဘူးလေ ဒါပေမယ့် အနမ်းတွေ ဝေခဲ့တဲ့ နေ့ကိုတော့ မမေ့စေလိုဘူးကွယ် တွေ့နေကြနေရာလေးတွေဟာ မနက်ဖြန်ရဲ့အတိတ်မှာ ကျန်ခဲ့ပေမယ့် ခုလက်ရှိအသိမှာတော့ အဓိကက ကိုယ်အနားကို တသက်စာအတွက် မင်းကိုပဲဖက်တွယ်ထားမယ် တို့တွေဘ၀ ရိုးမြေကျတဲ့ထိပေါ့

အိပ်မက်တခုအကြောင်း

အချိန်။ ။ ညနေ နေ၀င်ရီတရော (သို့) မနက်အာရုံတက်စ အချိန် ဖြစ်နိုင်သည်။ သို့သော် ကျွန်တော့်ဦးနှောက်ကြီး၏ အသိတွင် အရာအား လုံးကို ထင်ရှားစွာ တွေ့မြင်နိုင်၍ ကျွန်တော့်ကို ကျွန်တော်ပင် မြင်ရသည်။ နေရာ။ ။ အိပ်မက်တခု၏ဖြစ်တည်ရာနေရာ ဖြစ်သည်။ ကမ္ဘာ၏တနေရာရာ သို့မဟုတ် ကမ္ဘာ့အပြင်ဘက်တွင်လည်းဖြစ်နိုင်သည်။ သို့သော်လတ်ဆတ်သော လေကို ရှုရှိုက်မိ၏။ ပါဝင်သူများ။ ။ သူစိမ်းမိန်းမတယောက် ၊ သူစိမ်းယောက်ျားတယောက် (ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိ၏) ၊ ကျွန်တော် နှင့် ကျွန်တော့်ချစ်သူ။ သူစိမ်းမိန်းခလေးတယောက်လမ်းပေါ်တွင်ပြေးနေ၏ ။ အလွန်လျှင်မြန်စွာပြေးနေ၏ ။ ထိုနောက်သို့ အသည်းအသန်ပြေးလိုက်နေသူ တယောက်မှာကား ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိသော သူစိမ်းယောက်ျားတယောက် ဖြစ်သည်။ ၄င်း၏လက်ထဲတွင် ချွန်ထက်သော ထိုးမိလျှင်သေစေနိုင်ခြင်းမရှိ ဟု ကျွန်တော့်ဦးနှောက်က အလိုလို သိသော လက်နက် ဆန်ဆန် အရာတခုကိုကိုင်တွယ်ထားသည်ကို မြင်တွေ့ရသည်။ ၄င်းတို့နှစ်ဦးအနောက်တွင် ကျွန်တော့်၏ ချစ်သူ အပြေးတပိုင်းခြေလှမ်းများဖြင့်လှမ်းလာနေသည်။ ထိုနေရာသို့ နောက်ကျစွာ ကျွန်တော်ရောက်လာခဲ့ေ...

ချစ်ခြင်းဖွဲ့

ရင်ခုန်နေချိန်တိုင်းမှာ ကြည်နူးမှုတစ်ခုကိုခံစားရတယ် နွေးထွေးမှုတို့နဲ့အတူပေါ့ မင်းလက်ကလေးကိုင်ထားချိန် ကိုယ့်ပုခုံးပေါ်မှာ မှေးတင်နေချိန် အို အချိန်တိုင်းပါပဲ မင်းလိုအပ်တာလဲ ကိုယ် ကိုယ်လိုအပ်တာလဲ မင်းဖြစ်နေချိန်ပေါ့ ဘ၀ရဲ့ ထိုးနှက်ချက်တွေ လောကဓံရဲ့ လှည့်ဖြားမှုတွေ ကတော့ အချိန်တိုင်းမှာ အလစ်အခိုက်စောင့်လို့ပေါ့ မင်းအတွက်ကိုပေးနိုင်တာက အားငယ်ချိန်တိုင်း ကိုင်ဆုတ်ထားနိုင်မယ့် လက်တဖက် လိုအပ်ချိန်တိုင်း မှီတွယ်ထားနိုင်မယ့် ပုခုံးတစုံရယ် မင်းကို အမြဲ ချစ်နေမယ့် နှလုံးသား ရယ်ပါပဲကွာ

Blogger Life

Image
Blogger Life volume one ONSTORE (14.FEB.2008) မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။ (img ALT=”funny news01″ SRC=”http://artofkha.files.wordpress.com/2008/02/funny-news01.jpg” /) လက်သဲကွင်းများ နေရာတွင် ' ' တို့အစားထိုးရန် မ၀ယ်နိင်သူများစိတ်မကောင်းမဖြစ်ပါနှင့် သံစဉ်လှိုင်း တွင် ကျွန်တော် ခိုးကူးခွေ ၀ယ်၍ တင်ပေးမည်ဖြစ်သည်။ (ဤပို့စ်ကို မီးလေး ဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)

ကျေးဇူးတင်လွှာ

တကယ်တော့ အားလုံးကို မမေ့ပါဘူး အထူးသဖြင် ဂျေဂျေ ကိုစိုးထက် တို့ပေါ့ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ် နောက် မချိုငယ်ဦး ၊ Chaos ၊ ဖြူစင်သူ ၊ အားလုံးအားလုံးသော အားပေးအားမြှောက်ပြုသူတွေ၊ မြှောက်ထိုးပင့်ကော် လုပ်သူတွေ အားလုံးကိုမမေ့ပါဘူး ဗျာ။ ဒီနေ့မနက်ခင်း ကျွန်တော့ Blog ကို စဖွင့်တော့ ဂျေဂျေ တို့ မချိုငယ် တို့ ပြောထားကြတာတွေတွေ့တော့ စိတ်များဆိုးသွားကြသလားလို့ပါ။ ပြောရတာမဟုတ်ဘူုးဗျ ။ ဂျေဂျေ ကတကယ်လာ နူတ်နူတ်စင်းရင် ဘယ်လိုလုပ်မလဲ ဟီး မတွေးဝင့်စရာကြီး ။ အားလုံးကို ကျေးဇူးတင်စကားနဲ့အတူ တခါတည်း အသိပေးလိုက်ပါရဲ့နော် ကျွန်တော် အပေါ်မှာ အရင်းနှီးဆုံးသူ တယောက် တစိမ်းတွေကြားမှာ ရှိနေပြီ (၀ိုင်ဝိုင်းသီချင်းမှ) ဆိုတာ အခါတည်းပဲ အသိပေးလိုက်ပါတယ် ဗျာ။ ဒီPost နဲ့ပဲ အားလုံးအားလုံးသော Blogger တွေလဲ ပျော်ရွှင်စရာနေ့သစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အချစ်ဆိုတာ

အချစ် ဆိုတာ ဘာလဲ ကျွန်တော့်အသက် ၂၀ ကျော်ကတည်းက စဉ်းစားရင်းရှာဖွေခဲ့တာပေါ့။အချစ်ကြောင့် ကြေကွဲရဖူးတယ် အချစ်ကြောင့် ပျော်ရွှင်ရဖူးတယ်။ အချစ်ကြောင့် ရသပေါင်းစုံ ခံစားရဖူးပါရဲ့။တွေဖူးတဲ့ အချစ်တွေအားလုံးလဲ အစစ်လား အတုလားမသိခဲ့ရသေးပါဘူး။ အခုတခါလဲ ခံစားရပြန်ပါပြီ်ဗျာ အဲဒီတော့မေးချင်လာတယ် ကျွန်တော့် အချစ်ဆိုတာတွေက ဘာတွေလဲ လူတယောက်ကို ဘယ်နှခါချစ်ခွင့်ကြုံနိုင်သလဲ။ ရမ္မက်ဆန္ဒ ကိုအချစ်လို့ခေါ်မလား။ ရိုးရိုးလေးချစ်ရင်ရော အချစ်ပဲလား။ စဉ်းစားတိုင်းအိပ်ရေးပျက်စေတဲ့ ဒီ အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်သင့်လဲ။............... ကျွန်တော်အမျိုးမျိုး စဉ်းစားပြီး အမျိုးမျိုး ခွဲ ခြားဝေဇန်ကြည့်တယ်။ သူ့ကိုဘာလို့ချစ်တာလဲ။ လှလို့လား? မဟုတ်ပါဘူးဗျာ လှတဲ့မိန်းခလေး အတော်များများ တွေ့ဖူးတာပဲ လှတိုင်းသာချစ်ရမယ်ဆို လောကကြီးတခုလုံးကျွန်တော်ချစ်နေမိမှာပေါ့။ ဒါဆိုရင် ဘာကြောင့်ဖြစ်မလဲ ငွေကြောင့်လား၊ဂုဏ်ကြာင့်လား။ဘာကြောင့်ချစ်တာလဲ။မသိဘူးဗျာ ချစ်ချင်လို့ကိုချစ်တာပဲဖြစ်မှာပဲ အဲဒီမှာပြောစရာရှိတာက တခုခုကြောင့် ချစ်မိတာဆိုရင်တော့ သေချာတယ်ဗျာ အဲဒီအရာ မရှိတော့ရင် တော့ သူချစ်တယ်ဆိုတာကလဲ ပျောက်ပျက်သွားနိုင်တယ်လေ။ ကျွန်တော်ပြောချင်တာကတော့...

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ...