ချစ်ခြင်းဖွဲ့
ရင်ခုန်နေချိန်တိုင်းမှာ
ကြည်နူးမှုတစ်ခုကိုခံစားရတယ်
နွေးထွေးမှုတို့နဲ့အတူပေါ့
မင်းလက်ကလေးကိုင်ထားချိန်
ကိုယ့်ပုခုံးပေါ်မှာ မှေးတင်နေချိန်
အို အချိန်တိုင်းပါပဲ
မင်းလိုအပ်တာလဲ ကိုယ်
ကိုယ်လိုအပ်တာလဲ မင်းဖြစ်နေချိန်ပေါ့
ဘ၀ရဲ့ ထိုးနှက်ချက်တွေ
လောကဓံရဲ့ လှည့်ဖြားမှုတွေ ကတော့
အချိန်တိုင်းမှာ အလစ်အခိုက်စောင့်လို့ပေါ့
မင်းအတွက်ကိုပေးနိုင်တာက
အားငယ်ချိန်တိုင်း ကိုင်ဆုတ်ထားနိုင်မယ့် လက်တဖက်
လိုအပ်ချိန်တိုင်း မှီတွယ်ထားနိုင်မယ့် ပုခုံးတစုံရယ်
မင်းကို အမြဲ ချစ်နေမယ့် နှလုံးသား ရယ်ပါပဲကွာ
Comments
  1. ချစ်သူများနေ့  ၂ရက် အလိုပေါ့ကွာ
    ReplyDelete
Post a Comment
ဤသို့ခံစားရပါသည်
Popular posts from this blog
လူမိုက်ဆိုတာဘာလဲ
လက်ထပ်လက်စွပ်
ဝီရိယ လွန်တော့??????