သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့


အမေ
မနက်ဖြန်ဆို အမေမွေးခဲ့တဲ့ အမေ့သားလေ အသက် ၂၅ နှစ်ပြည့်ပြီ အမေရ။
အဲဒီ ၂၅ နှစ်ဆိုတဲ့ အချိန်မရောက်ခင် ဟိုးမွေးကင်းစ ကလေးလေး ဘ၀ မှာအမေပြုစုစောင့်ရှောက်ခဲ့တာတွေ ကို သားကိုယ်တိုင်မမှတ်မိပေမယ့်၊မသိခဲ့ပေမယ့် သားသည်အမေတွေ သူတို့ ကလေးကို စောင့်ရှောက်ပြုစုတာမြင်ရရင်

သြော်.. ငါ့အမေလဲ ငါငယ်ငယ်တုန်း က ဒီလိုမျိုး စိုးရိမ်ခဲ့မှာပဲ
လို့ သားစဉ်းစားမိပါတယ်အမေ။ အခေုတော့ အမေ့သား အမေ့ ဗိုက်ထဲက ထွက်ခဲ့တာ ၂၅ နှစ်တောင်ရှိပြီအမေရဲ့။ အမေ့သားလေ အမေ နေ့စဉ်ပို့သတဲ့ မေတ္တာတွေကြောင့် ခလုပ်မထိ ဆူးမငြိခဲ့ပါဘူးအမေ။ အမေသင်ကြားပေးခဲ့တဲ့ ပညာတွေ ရဲ့ အသီးအပွင့် တစ်ချို့ကို စတင် စားသုံးနေပါတယ်အမေ။ အမေ.... အမေ့သားလေ ဟို လွန်ခဲ့တဲ့ နှစ်တွေအမေ နေမကောင်း ဖြစ်တုန်း က
အမေ့လုံချည် လျှော်ခဲ့ဖူးတာကို ခုတော့ သားဂုဏ်ယူစွာနဲ့ ပြောရဲနေပါပြီအမေ။
အမေ... သားလေ တကယ်အဝေးကိုရောက်နေမှ အမေဟာ သားတစ်ယောက်အတွက် တကယ်လိုအပ်ပါလားလို့ သားသိခဲ့ပါတယ်အမေ။

အမေ... ကျွန်တော့်အမေဟာ လေးတန်းတောင်မအောင်ပါဘူး
အမေ...ကျွန်တော့အမေဟာ အင်္ဂလိပ်စာ မတတ်ပါဘူး
အမေ...ကျွန်တော့အမေဟာ သားသမီးတွေကို လမ်းမှန်ရောက်အောင်ပို့ပေးနိုင်ခဲ့တယ်
အမေ...ကျွန်တော့်အမေဟာ သားသမီးတွေကို ဒီအသက်ဒီအရွယ်အထိ ပညာတတ်တွေဖြစ်အောင် ထားနိုင်ခဲ့တယ်
အမေ...ကျွန်တော့်အမေဟာ သားသမီးတွေကို အောက်ကျနောက်ကျ မဖြစ်အောင် လမ်းပြနိုင်ခဲ့တယ်

အမေ....အမေ့သား ၂၅ နှစ်ပြည့်ပြီအမေ.....
အမေ....အမေ့သား၂၅ နှစ်ပြည့်ပြီအမေ....

အမေ့ကို ဒီ post နဲ့ သားကန်တော့လိုက်ပါတယ်အမေ............

Comments

  1. Anonymous30.7.08

    ကိုအောင်မျိုးဟန်ကြီးရဲ့ (နှစ်ဆယ့်ငါး)နှစ်ပြည့်မွေးနေ့မှစပြီး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့ အမေကို လုပ်ကျွေးပြုစုနိုင်သော သားကောင်းရတနာ(1)ယောက်ဖြစ်ပါစေလို့ ............................. ။စကားမစပ်၊ဘယ်တော့ စားရမှာလဲ။

    ReplyDelete
  2. Anonymous30.7.08

    သားလိမ္မာလေးပေါ့ ကောင်းပါတယ်ဗျာ မနက်ဖန်မှ မွေးနေ့ ဆိုပေမယ့် ကြိုဆုတောင်းထားမယ် Happy Birthday ပါ မွေးနေ့ မှစ ချစ်သော သူများနဲ့  ထာဝရ ပျော်ရွှင်နိုင်ပါစေ အစ်ကိုမျိုးရေ့ ။

    ReplyDelete
  3. မင်္ဂလာ ဆောင်ရင် အခါတော် ပေးတဲ့ ဆရာကြီး ကို မမေ့နဲ့ ... ဒါပဲ ...
    ပျော်ရွှင် အဆင်ပြေပါစေ :)

    ReplyDelete
  4. Anonymous30.7.08

    ကျနော်လည်း လာခံစားသွားပါတယ် .. ။ မွေးနေ့ အကြိုဆုတောင်းပေးခဲ့တယ်နော် ..။ ယနေ့မှ စ နောင်နှစ်ပေါင်း များစွာတိုင်အောင် မိဘလုပ်ကျွေးနိုင်သော သားကောင်းရတနာ ဖြစ်ပါစေ ဗျာ ... ။

    ReplyDelete
  5. Anonymous30.7.08

    မွေးနေ့မှာ ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်
ံHappy Birthday to You!! အမေကို လိုလေသေးမရှိလုပ်ကျွေးပြုစုနိုင်သောဘ၀ ဖြစ်နိုင်ပါစေဗျာ =)

    မွေးနေ့ဆုတောင်းလာရေးတာ ကွန်မန့်ရေးဖို့ အတော်ကျော်လိုက်ရတယ်ဗျာ =)

    ReplyDelete
  6. Anonymous31.7.08

    မွေးနေ့မှာပျော်ရွှင်ပါစေဗျာ ကျနော့်အမေလည်း လေးတန်းမရောက်ဘူးဗျ ဒါပေမယ့် ကျနော်တို့ကို ခေတ်ပညာတွေသင်နိုင်အောင်လမ်းပြပေးနိုင်တယ်နော်
    အမေ့ဂုဏ်ရည်ကို မွေးနေ့မှာ အမှတ်တရ ပိုစ့်တင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ

    ReplyDelete
  7. သားတို့ ရုပ်ရည်
    သီတာမည်သား
    ရေကြည်ချမ်းမျ
    တစ်ပေါက်ကျက
    မိဘတို့ ဝမ်း
    ငြိမ်းစတမ်း..........

    မိဘကျေးဇူး ကိုသိတတ်သော......
    မိဘကျေးဇူး ကိုဆပ်နိုင်သော......သားကောင်းတစ်ယောက်
    နောင်လာမဲ့ အနာဂတ်မှာတော့
    မိဘကောင်း တစ်ယောက် ဖြစ်နိုင်ပါစေဗျာ.........

    ReplyDelete
  8. အမေ ဂုဏ်ယူတဲ့သား ဖြစ်ပါစေ

    ReplyDelete
  9. အရင်ဦးဆုံးမွေးနေ့မင်္ဂလာပါလို့ ဆုတောင်းလိုက်ပါတယ်..
    ၂၅နှစ်တောင်ရှိပြီဆိုတော့ တော်တော်တောင် အိုနေပြီပဲ..ဟတ်ဟတ်..
    စားအမိတွေလည်း အမြန်ဆုံးပြန်လည် တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
    Happy Birthday! :)

    ReplyDelete
  10. အမေချစ်တဲ့သား အမေ့ကိုချစ်တဲ့သား
    သိပ်ချစ်တဲ့ အမေနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့

    ReplyDelete
  11. မေ့သွားတယ်တစ်ခု
    ဟက်ပီး ဘတ်ဒေးနော်

    ReplyDelete
  12. "HAPPY BIRTHDAY " ချစ်ညီငယ် တယ်ရင်းကြီး အောင်မျိုးဟန် ....
    လိုရာ ဆန္ဒများပြည့်ဝပါစေဗျာ ၊၊ ဆုမွန်ကောင်းတောင်းပေးပါတယ်၊၊

    ReplyDelete
  13. ဟက်ပီးဘတ်ဒေး အောင်မျိုးဟန်ရေ
    မွေးနေ့မှ စပြီး သားကောင်းသားလှ ရတနာလေးဖြစ်ပါစေ

    ReplyDelete
  14. အယ်အေ မှားလို့ ကြည့်မြင်တိုင်သားကြီး ကိုအောင်မျိုးဟန် ခင်ဗျ၊ အတော်အားကျအတုယူ စရာကောင်းတဲ့ သားလိမ္မာတစ်ယောက် ပဲဗျို့၊ ဂုဏ်ယူပါတယ်ခင်ဗျာ၊ နောင် နှစ်ပေါင်းများစွာအထိ မိသားစုတွေ ချစ်ချစ်ခင်ခင် သိုက်သိုက် ၀န်းဝန်းပျော်ရွင်စွာနေထိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျ၊ :)

    ReplyDelete
  15. မင်္ဂလာပါ အစ်ကိုရေ..ကျွန်တော် comments လာရေးတာနောက်ကျတဲ့ အတွက်
    ခွင့်လွတ်ပါ အစ်ကို၊။ အစ်ကိုရဲ့  (၂၅)ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း နှင့်
    ပြည့်စုံပါစေကြောင်း၊အောင်မြင်ပျော်ရွှင်သော မိသားစုကိုပါ ပိုင်ဆိုင်ပြီး၊အစ်ကိုဖြစ်ချင်တဲ့ သားကောင်းရတနာ ဖြစ်ပါစေကြောင်း ညီငယ်မိုးပြေး ရင်မှဖြစ်သော ဆန္ဒမွန်ဖြင့် ဆုတာင်းပေးပါတယ်အစ်ကို....မိုးပြေး

    ReplyDelete
  16. Anonymous31.7.08

    မင်္ဂလာပါ အစ်ကိုရေ..ကျွန်တော် comments လာရေးတာနောက်ကျတဲ့ အတွက်
    ခွင့်လွတ်ပါ အစ်ကို၊။ အစ်ကိုရဲ့  (၂၅)ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း နှင့်
    ပြည့်စုံပါစေကြောင်း၊အောင်မြင်ပျော်ရွှင်သော မိသားစုကိုပါ ပိုင်ဆိုင်ပြီး၊အစ်ကိုဖြစ်ချင်တဲ့ သားကောင်းရတနာ ဖြစ်ပါစေကြောင်း ညီငယ်မိုးပြေး ရင်မှဖြစ်သော ဆန္ဒမွန်ဖြင့် ဆုတာင်းပေးပါတယ်အစ်ကို....မိုးပြေး

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????